Sunday, March 24, 2024


ဘိုကလေးမြို့နယ်တွင် စစ်မှုထမ်းခြင်းမပြုလိုသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအားလုံးရှိ အသက်ပြည့်မီသည့် လူငယ်များအားလုံး ငွေ ၅၀၀၀၀ ပေးနေရကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် စစ်မှုထမ်းခြင်းမပြုလိုသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအားလုံးရှိ အသက်ပြည့်မီသည့် လူငယ်များအားလုံး ငွေ ၅၀၀၀၀ ပေးနေရကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည် ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒေသခံမိဘပြည်သူများ စစ်မှုထမ်းနှင့်ပတ်သက်၍ ကောလာဟလ သတင်းအမှားများကြောင့် စိုးရိမ်ပူပန်မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူများမှ စစ်မှုထမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငွေကောက်ခံမှုမရှိကြောင်းနှင့် တရား မဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် သတင်းအမှားများဖြင့် ဝါဒဖြန့်လုပ်ကြံဖန်တီးရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားလျက်ရှိသဖြင့် မိဘပြည်သူများနှင့် လူငယ်လူရွယ်များအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းအချက်အလက်များကို နိုင်ငံပိုင်မီဒီယာများမှတဆင့် စစ်မှုထမ်းဆိုင်ရာ အသိပညာပေးသတင်းများ၊ ထုတ်လွှင့်ချက်များကို စဉ်ဆက်မပြတ် ထုတ်လွှင့်အသိပေးလျက်ရှိပြီး https:// mod.gov. mm/node/74 တို့တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သတင်းရရှိပါသည်။


Saturday, March 23, 2024

အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့်ဟိုပုံးမြို့နယ် ကျောက်ကချားကျေးရွာအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

 

အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဟိုပုံးမြို့နယ် ကျောက်ကချားကျေးရွာအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ပအိုဝ်းတိုင်းရင်းသား များ နေထိုင်သော ကျေးရွာများဖြစ်သည့် နမ့်ဟူးကျေးရွာ၊ ကျောက်ကချားကျေးရွာ၊ စံဖူး ကျေးရွာ၊ ပါချားကလို့ကျေးရွာ၊ ဒုံလိတောင်ကျေးရွာများသို့ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် PNLO KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဖေဖော် ဝါရီ ၁၆ ရက်မှစတင်၍ ကျေးရွာသူကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်ခြင်း၊ ကျေးရွာများအတွင်းရှိ နေအိမ်များကို အကာ အကွယ်ရယူ၍ ဝင်ရောက်နေရာယူ လှုပ်ရှားခြင်းများ လုပ်ဆောင်ခဲ့သည်။




 

သတင်းပေးပို့တိုင်ကြား

ထိုသို့ လုပ်ဆောင်ခဲ့မှုအပေါ် ဒေသခံပအိုဝ်းတိုင်းရင်းသားများအနေဖြင့် လက်ခံနိုင်ခြင်းမရှိသည့် အတွက် တပ်မတော်သို့ သတင်းပေးပို့တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များပူးပေါင်း၍ အဆိုပါ ဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PNLOKNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့်ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်းတို့ကိုလုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီး ဒေသခံ တိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာနေရာများ၌ ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရ သည်။

ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

အဆိုပါ အကြမ်းဖက်သမားများ ဖျက်ဆီးသွားခဲ့သည့် ကျေးရွာများအတွင်း ယာယီနေရပ်စွန့်ခွာဒေသခံတိုင်းရင်းသားများ ပြန်လည်အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး၊ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် ကျောက်ကချားကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များက ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဟိုပုံးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံကာရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့်အိမ် ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

AR-T and Wine Su Khaing Thein

 

 

Monday, March 18, 2024

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်

 ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်





Idea Myanmar သတင်းဌာနက မေးမြန်းချက်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်

 


Idea Myanmar သတင်းဌာနက မေးမြန်းချက်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်


Sunday, March 17, 2024

ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များ နေပြည်တော်၊မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို







ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို






  
        

ထိုင်းခရီးသွားဧည့်သည်များအနေဖြင့် ပိုမိုသိရှိလာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရယူထားသော Picturesque Myanmar Group Co.Ltd ၏ ပူးပေါင်းစီစဉ် ဆောင်ရွက် မှုဖြင့် ထိုင်းနိုင်ငံမှ Mr.Akaluk jarukijpaisal အပါအဝင် ထိုင်းနိုင်ငံသားရိုက်ကူးရေးအဖွဲ့ဝင် ၁၅ ဦးတို့သည် ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများကို လိုက်လံရှင်းလင်းပြသသည်။




                                                                                        




‌ဧရာဝတီတိုင်းဒေသကြီးအတွင်း စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သည့်လူငယ်ပါဝင်နေကြောင်း သတင်းတု၊ သတင်းအမှား မဟုတ်မမှန် ရေးသားဖြန့် ဝေလျက်ရှိ

 

‌ဧရာဝတီတိုင်းဒေသကြီးအတွင်း စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခံရသူများထဲတွင် အသက် မပြည့်သည့်လူငယ် ၁၀၀ ကျော်ပါဝင်နေကြောင်း သတင်းတု၊ သတင်းအမှား မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီ ၁၁ ရက်မှ မတ်လ ၁၁ ရက်နေ့အထိ တစ်လတာအတွင်း စစ်မှုထမ်းဆောင်ရန်အကြောင်းပြ၍ ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သည့်လူငယ် ၁၀၀ ကျော်ပါဝင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ‌ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် စစ်မှုထမ်းဆောင်ရန် အကြောင်းပြ ၍ လူငယ်လူရွယ်များကို ဖမ်းဆီးခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရှိရသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့်နေ့မှစ၍ ပြည်သူများစိုးရိမ်ထိတ်လန့်စေရန်နှင့် လူငယ်လူရွယ်များ လမ်းမှားရောက်စေရန် သတင်းတု၊ သတင်းအမှားများဖြင့် နေစဉ်နှင့်အမျှ သွေးထိုးလှုံ့ဆော်လျက်ရှိသည်ကို မိဘပြည်သူများအနေနှင့်လည်း သိရှိပြီးဖြစ်ပါသည်။

ယခုဖြစ်စဉ်တွင်လည်း စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းနှင့် အသက်မပြည့်သေးသည့် လူငယ်များကိုပါ စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးထားကြောင်း ကောလာဟလသတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်လျက်ရှိသည့်အတွက် မိဘပြည်သူများအနေဖြင့် သတင်းတု၊ သတင်းအမှားများကို ရှောင်ရှားနိုင်ရန်နှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းအချက်အလက်များကို သိရှိနား လည်စေရေး နိုင်ငံပိုင်မီဒီယာများ၊ စစ်မှုထမ်းဆိုင်ရာ အသိပညာပေးသတင်းများ၊ ထုတ်လွှင့်ချက်များနှင့် https://mod.gov.mm/node/74 တို့တွင် စဉ်ဆက်မပြတ် ထုတ်လွှင့်အသိပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


Wednesday, March 13, 2024

မင်းပြားတွင် ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေမြို့မဈေးအတွင်းသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူများသေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

AA အကြမ်းဖက်သောင်းကျန်းသူများနှင့်  ပြည်ဖျက်မီဒီယာ Khit Thit မှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ




ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ အပြစ်မဲ့ပြည်သူ ၃၀ ကျော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေမြို့မဈေးအတွင်းသို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂၁ ဦးသေဆုံးခဲ့ကြောင်း AA အကြမ်းဖက်သောင်းကျန်းသူများ၏ တစ်ဖက်သတ်စွပ်စွဲရေးသားထုတ်ပြန်ထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ပြည်သူများနေထိုင်ရာမြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော် အပေါ်အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

Thursday, March 7, 2024

မကွေးတိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသောခရီးစဉ်ဒေသ

 စလေရုပ်စုံကျောင်း



စလေမြို့ရှိ စလေရုပ်စုံကျောင်းသည် မကွေးမြို့မှ မိုင်(၈၀) ခန့်ကွာဝေးပါသည်။ စလေရုပ်စုံ ကျောင်းကြီးသည် ၁၂၄၄ခုနှစ်၊ သီပေါမင်းလက်ထက်တွင် အလှူရှင်ဦးဖိုးကြည်+ဒေါ်ရွှေသက် တို့မှ ဆောက်လုပ်လှူဒါန်းခဲ့ပြီး အလျား(၁၅၄) ပေ ၊ အနံ(၇၆) ပေ၊ အဆောင်(၆) ဆောင်၊ တိုင် လုံးရေ (၁၅၄) လုံးနှင့် လက်ရှိပန်းပုရုပ်ထု (၄၅) ရုပ်တို့ဖြင့် အံ့မခန်းပန်းပုလက်ရာများနှင့် အိမ်တော်ပုံကျောင်း ဖြစ်ပါသည်။ စလေဦးပုည၏ ဇာတိမြို့ဖြစ်၍ လည်းထင်ရှားပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားတိုင်းအတွက် နိုင်ငံကြီးသားပီသသူတွေအဖြစ် ရေးထိုးမှတ်တမ်းတင်နိုင်မည့် အခွင့်အလမ်းဖြစ်

 နိုင်ငံသားတိုင်းအတွက် နိုင်ငံကြီးသားပီသသူတွေအဖြစ်ရေးထိုးမှတ်တမ်းတင်နိုင်မည့် အခွင့်အလမ်း

နိုင်ငံတစ်နိုင်ငံအတွက် နယ်မြေတည်တံ့မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ အမျိုးသားလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ဖို့အတွက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်း တာဝန်ရှိသည်။ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံကို ကာကွယ်ရန် ကာကွယ်ရေးစီမံချက် အသီးသီးချမှတ်ကြသည့်အခါ နိုင်ငံအများစုတွင် အရွယ် ရောက်သူနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော်ကြလေ့ရှိကြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများထုတ်ပြန်ခြင်း




နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ

 နိုင်ငံသားတိုင်းမဲပေးစို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
၁။ ဤနည်းဥပဒေများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများနည်းဥပဒေ ၁၃ နည်းဥပဒေခွဲ(က)၊ ပုံစံ(င) အပိုဒ် ၂ အပိုဒ်ခွဲ(ည)၊ ပုံစံ(င-၁) အပိုဒ် ၁ အပိုဒ်ခွဲ(စျ) တို့တွင်ပါရှိသော “ရက်ပေါင်း ၉၀” ဆိုသည့် စကားရပ် များကို “ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင် ၍ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်သည့် နေ့ရက်” ဆိုသည့် စကားရပ်များဖြင့် အသီးသီးအစားထိုးရမည်။

၃။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၁၃ နည်းဥပဒေခွဲ(က)၊ ပုံစံ(င) အပိုဒ် ၂ အပိုဒ်ခွဲ(ည)၊ ပုံစံ(င-၁) အပိုဒ် ၁ အပိုဒ်ခွဲ(စျ)၊ ပုံစံ (စ) အပိုဒ် ၃ တို့တွင်ပါရှိသော “ပါတီဝင် ဦးရေအနည်းဆုံး ၁၀၀၀၀၀” ဆိုသည့်စကားရပ်များကို “ပါတီဝင်ဦးရေအနည်းဆုံး ၅၀၀၀၀” ဆိုသည့်စကားရပ်များဖြင့် အသီးသီးအစားထိုးရမည်။

၄။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၂၀ ကို အောက်ပါအတိုင်း အစား ထိုးရမည် -
“၂ဝ။ (က) ပါတီတစ်ခုသည် ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲ ငယ် (၄)၊ (၅)၊ (၆) သို့မဟုတ် (၇) ပါ အချက်တစ်ရပ်ရပ်နှင့်ငြိစွန်း၍ မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ခံရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရကသတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။

(ခ)ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ်မှ အလို အလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူခံရသောပါတီ သို့မဟုတ် ယင်းပါတီ၏ ဗဟိုအလုပ် အမှုဆောင်အဆင့်ထက် မနိမ့်သူတစ်ဦးဦးသည် ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄)၊ (၅)၊ (၆) သို့မဟုတ် (၇) ပါ အချက်တစ်ရပ်ရပ်နှင့်လည်း ငြိစွန်းမှုရှိကြောင်း စိစစ်တွေ့ရှိရပါက ပါတီပိုင် ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်းအပ်နှံရမည်။

(ဂ) နည်းဥပဒေခွဲ(က)နှင့် (ခ)တို့အရ အပ်နှံသည့်ပစ္စည်း နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းသည် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

(ဃ) ကော်မရှင်တွင် မှတ်ပုံတင်ထားပြီးဖြစ်သော နိုင်ငံရေးပါတီများသည် ပါတီနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသောပါတီများပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် မှတ်ပုံတင်ခွင့်ရရှိပါက ယခင်ပယ် ဖျက်လိုက်သည့် သက်ဆိုင်ရာပါတီအသီးသီး၏ ပါတီပိုင်ပစ္စည်းများကို ပူးပေါင်းဖွဲ့စည်းလိုက်သည့် ပါတီက ဆက်ခံခွင့်ရှိသည်။”

၅။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၂၂ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၂၂။ ပါတီတစ်ခုသည် -

(က) မိမိ၏ နှစ်စဉ်ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက်ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများ နှင့်စပ်လျဉ်းသည့် နှစ်ချုပ်စာရင်းပြုစုခြင်း၊ ယင်းစာရင်းများကို ပါတီတွင်း စာရင်းစစ် ကော်မတီ တစ်ရပ် ထားရှိစစ်ဆေးစေခြင်း၊ ပါတီစည်းမျဉ်း၊ စည်းကမ်း၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ အတည်ပြုချက်ရယူခြင်းတို့ကို နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် သုံးလအတွင်း ပြီးပြတ် အောင် ဆောင်ရွက်ထားရှိရမည်။

(ခ) ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ(ဆ)အရ ငွေစာရင်းဖွင့်လှစ်ထားသည့် ပါတီရန်ပုံငွေကို ကော်မရှင်က ထုတ်ပြန်သည့် အမိန့် သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ သုံးစွဲရမည်။”

၆။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ ပုံစံ(င) အပိုဒ် ၂ အပိုဒ်ခွဲ(ဋ)၊ ပုံစံ(င-၁) အပိုဒ် ၁ အပိုဒ်ခွဲ(ည)တို့တွင်ပါရှိသော “ရက်ပေါင်း ၁၈၀” ဆိုသည့်စကားရပ်များကို “ရွေးကောက်ပွဲကျင်း ပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ်များဖြင့်လည်းကောင်း၊ “မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်” ဆိုသည့်စကားရပ်များကို “မြို့နယ်အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံ” ဆို သည့် စကားရပ်များဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

၇။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ ပုံစံ(စ) အပိုဒ်(၃)ပါ “ရက်ပေါင်း ၉၀ ပြည့် သည့်နေ့ရက်ထက် နောက်မကျစေဘဲ” ဆိုသည့်စကားရပ်ကို “ရွေးကောက်ပွဲကျင်းပမည့် နေ့ရက် မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် သည့် နေ့ရက်ထက်နောက်မကျစေဘဲ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၈။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ ပုံစံ(ဇ) အပိုဒ်(၁)ပါ “ပါတီဝင်ဦးရေ ၁၀၀၀၀၀” ဆိုသည့်စကားရပ်ကို “ပါတီဝင်ဦးရေ ၅၀၀၀၀” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။

Wednesday, March 6, 2024

ဒြပ်မဲ့ယဉ်ကျေးမှု နေရောင်ခြည် အပူဒဏ်ခံ မြန်မာ့သနပ်ခါး


နေရောင်ခြည် အပူဒဏ်ခံ မြန်မာ့သနပ်ခါး


မြန်မာသနပ်ခါးသည် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိ၍ နေရောင်ခြည် အပူဒဏ် ကို ခံနိုင်သလို အရေပြားမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ သနပ်ခါးသည် မြန်မာနိုင်ငံ၌ အသုံးပြုမှုအများဆုံးအလှပြင်ပစ္စည်းတစ်မျိုးဖြစ်ပြီး တောင်ပေါ်မြေပြန့်မှ တိုင်းရင်းသူအမျိုးသမီးများ အမြတ်တနိုးလိမ်းခြယ်ကြသည့်အပြင် မြန်မာလူမျိုးများ နှစ်ပေါင်း နှစ်ထောင်ကျော်လောက် သုံးစွဲလာသည့် မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု ဓလေ့တစ်ခုလည်းဖြစ်ပါသည်။

            



သနပ်ခါးပင်ကို မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့တွင် တွေ့ရှိရသည်။ မြန်မာ့သနပ်ခါးသည် အရည်အသွေး အကောင်းဆုံးဖြစ်ပါသည်။ သနပ်ခါးသည် မြန်မာနိုင်ငံအပူပိုင်း ဒေသများတွင် ဖြစ်ထွန်းအောင်မြင်သဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြရုံသာမက အိမ်ခြံဝန်း အတွင်းတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။ သနပ်ခါးပင်သည် (၂၀/၃၀)ပေထိ မြင့်သည့် အပင်လတ်မျိုးဖြစ်သည်။ သနပ်ခါးစိုက်ပျိုးပြီး စိုက်ခင်းသစ် ပထမတစ်ကြိမ်ခုတ်၍ ရောင်းချပြီး သန်မာသည့်အသားတက်များ ဆက်လက်ထားရှိနိုင်သဖြင့် ဘိုးစဉ်ဘောင်ဆက် အဆင့်ဆင့် ခုတ်ယူရောင်းချပြီး ဝင်ငွေရသဖြင့် အပူပိုင်းပဒေသာပင်ဟု တင်စားခေါ်ဆိုကြသည်။
သနပ်ခါးပင်များကို ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူ၊ မြင်းခြံ၊ ပြည်၊ရွှေဘို၊ ကျောက်ကာ၊ စစ်ကိုင်း၊ မြင်းမူ၊ ကနီ စသည့် အပူပိုင်းဒေသများတွင် အများဆုံးတွေ့ရှိရသည်။ အချို့သော မြန်မာပြည်၏ အထက်ပိုင်းရှိ ရွက်ပြတ်တောခြောက်များမှာလည်း သနပ်ခါးပင်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးကို အပူပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြရာ သနပ်ခါး အမျိုးအမည်များစွာရှိသည့်အနက် ရှင်မတောင်သနပ်ခါးကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ဧကပေါင်း (၄)သိန်းခန့် စိုက်ပျိုးကြောင်းသိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များတွင် သနပ်ခါးကို ဘိုးစဉ်ဘောင်ဆက်မှစ၍ ယခုချိန်ကာလအထိ စီးပွားဖြစ်စိုက်ပျိုး လျက်ရှိရာ ပခုက္ကူခရိုင်တွင် သနပ်ခါးစိုက်ဧက (၁)သိန်းကျော်ခန့် စိုက်ပျိုးကြောင်း၊ ပခုက္ကူ သနပ်ခါးအသင်းမှ သိရှိရသည်။ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် သနပ်ခါးစိုက်ပျိုးမှု အများဆုံး ဖြစ်ပြီး ရှင်မတောင်သနပ်ခါးမျိုးကို အဓိကထားစိုက်ပျိုးကြောင်း ၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သနပ်ခါး ဈေးကွက် ပြန်လည်ကောင်းမွန်လာ၍ သနပ်ခါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ သနပ်ခါးဈေးကွက်အနေဖြင့် ပခုက္ကူမြို့သည် သနပ်ခါးများဆုံစည်းရာ စီးပွားရေး မြို့တော်ဖြစ်ပြီး ပခုက္ကူမြို့နှင့် ဆက်စပ်လျက်ရှိသော မြို့နယ်များမှထွက်ရှိသော သနပ်ခါးများ ဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ ပခုက္ကူဒေသထွက် ရှင်မတောင်သနပ်ခါးသည် အရည်အသွေးကောင်းပြီး သင်းပျံ့မွှေးကြိုင်သည့် ရနံ့ရှိသောကြောင့် နေ့စဉ် သနပ်ခါးအပင် (၁၀၀၀)၊ ပိဿာ(၄)သောင်းခန့် မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ မြန်မာ့သနပ်ခါး စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ပြီး ပြည်သူများ သနပ်ခါးအစစ်သုံးစွဲမှု ရေရှည် တည်တံ့စေရန်အတွက် ပခုက္ကူခရိုင်အနေဖြင့် ရှင်မတောင်သနပ်ခါးစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်း ဖွဲ့စည်းထားရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုသနပ်ခါးအမျိုးအစားသည်လည်း ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်တွင်းဈေးကွက်၌ ရောင်းအားတက်နေသည့်အပြင် ထိုင်းနိုင်ငံ ဘက်မှလည်း မှာယူမှုရှိနေကြောင်း သနပ်ခါးရောင်းဝယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။ ရွှေဘို သနပ်ခါးကို ပြည်တွင်း၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးက အများဆုံး မှာယူကာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှလည်း မှာယူကြောင်း သိရသည်။
မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့၏ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလက်ဆင့်ကမ်း လာခဲ့ကြသည့် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့်အတွက် မြန်မာတစ်မျိုးသားလုံးအနေဖြင့် မြန်မာ့သနပ်ခါးကို တန်ဖိုးထားလျက် ပျောက်ကွယ်မသွားစေရန် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများက တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်၍ မြန်မာ့သနပ်ခါးကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...