ဘိုကလေးမြို့နယ်တွင်
စစ်မှုထမ်းခြင်းမပြုလိုသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအားလုံးရှိ အသက်ပြည့်မီသည့် လူငယ်များအားလုံး
ငွေ ၅၀၀၀၀ ပေးနေရကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်
ရေးသားဖြန့်ဝေလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊
ဘိုကလေးမြို့နယ်တွင် စစ်မှုထမ်းခြင်းမပြုလိုသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအားလုံးရှိ
အသက်ပြည့်မီသည့် လူငယ်များအားလုံး ငွေ ၅၀၀၀၀ ပေးနေရကြောင်း ကောလာဟလ သတင်းတု၊
သတင်းအမှားများကို တရားမဝင်ပြည် ဖျက်မီဒီယာများက မဟုတ်မမှန်
ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဘိုကလေးမြို့နယ်
အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒေသခံမိဘပြည်သူများ
စစ်မှုထမ်းနှင့်ပတ်သက်၍ ကောလာဟလ သတင်းအမှားများကြောင့် စိုးရိမ်ပူပန်မှု
မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူများမှ စစ်မှုထမ်းဆိုင်ရာ
အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ငွေကောက်ခံမှုမရှိကြောင်းနှင့် တရား မဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်
သတင်းအမှားများဖြင့် ဝါဒဖြန့်လုပ်ကြံဖန်တီးရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍
တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ
လုပ်ကြံရေးသားလျက်ရှိသဖြင့် မိဘပြည်သူများနှင့် လူငယ်လူရွယ်များအနေဖြင့်
ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းအချက်အလက်များကို နိုင်ငံပိုင်မီဒီယာများမှတဆင့်
စစ်မှုထမ်းဆိုင်ရာ အသိပညာပေးသတင်းများ၊ ထုတ်လွှင့်ချက်များကို စဉ်ဆက်မပြတ်
ထုတ်လွှင့်အသိပေးလျက်ရှိပြီး https:// mod.gov. mm/node/74 တို့တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment