Thursday, March 7, 2024

မကွေးတိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသောခရီးစဉ်ဒေသ

 စလေရုပ်စုံကျောင်း



စလေမြို့ရှိ စလေရုပ်စုံကျောင်းသည် မကွေးမြို့မှ မိုင်(၈၀) ခန့်ကွာဝေးပါသည်။ စလေရုပ်စုံ ကျောင်းကြီးသည် ၁၂၄၄ခုနှစ်၊ သီပေါမင်းလက်ထက်တွင် အလှူရှင်ဦးဖိုးကြည်+ဒေါ်ရွှေသက် တို့မှ ဆောက်လုပ်လှူဒါန်းခဲ့ပြီး အလျား(၁၅၄) ပေ ၊ အနံ(၇၆) ပေ၊ အဆောင်(၆) ဆောင်၊ တိုင် လုံးရေ (၁၅၄) လုံးနှင့် လက်ရှိပန်းပုရုပ်ထု (၄၅) ရုပ်တို့ဖြင့် အံ့မခန်းပန်းပုလက်ရာများနှင့် အိမ်တော်ပုံကျောင်း ဖြစ်ပါသည်။ စလေဦးပုည၏ ဇာတိမြို့ဖြစ်၍ လည်းထင်ရှားပါသည်။

၁၉၉၅-ခုနှစ်တွင် စလေဒေသအနီးတစ်ဝိုက်မှ တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသရန်အတွက် ရှေးဟောင်းသုတေသနပြတိုက်အဖြစ် စတင်ဖွင့်လှစ် ပြသခဲ့သည်။ ယခုလက် ရှိအချိန်တွင်လည်း စလေပန်းပုရုပ်စုံကျောင်းတော်ကြီးကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိသည်။

စလေပန်းပုရုပ်စုံကျောင်းတော်ကြီးသို့ ဝင်ရောက်လေ့လာပါက ပြည်တွင်းဧည့်သည်များကို ဝင်ကြေးအခမဲ့နှင့် နိုင်ငံခြားသားဧည့်သည်တစ်ဦးလျှင် ၅၀၀၀-ကျပ်နှုန်းပေးဆောင်ရပြီး အပတ်စဉ် တနင်္လာနှင့် အစိုးရရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။ ရုပ်စုံကျောင်းတွင် ရှုပ်ထွေး၍ သေသပ်လှပသော လက်မှုနှင့်ပန်းပုလက်ရာများအား ကြည့်ရှုလေ့လာရန် ကမ္ဘာတစ်ဝန်းလုံးမှ ခရီးသွားဧည့်သည်များအနေဖြင့် နှစ်သက်သဘောကျမည့် ရှေးဟောင်းပြတိုက်တစ်ခုဖြစ်ပါသည်။

No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...