Wednesday, March 13, 2024

မင်းပြားတွင် ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေမြို့မဈေးအတွင်းသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူများသေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

AA အကြမ်းဖက်သောင်းကျန်းသူများနှင့်  ပြည်ဖျက်မီဒီယာ Khit Thit မှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ




ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ အပြစ်မဲ့ပြည်သူ ၃၀ ကျော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်းနှင့် စစ်တွေမြို့မဈေးအတွင်းသို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂၁ ဦးသေဆုံးခဲ့ကြောင်း AA အကြမ်းဖက်သောင်းကျန်းသူများ၏ တစ်ဖက်သတ်စွပ်စွဲရေးသားထုတ်ပြန်ထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညှာမှုမရှိဘဲ ပြည်သူများနေထိုင်ရာမြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော် အပေါ်အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...