Thursday, July 25, 2024

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

 လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း  

    ဂျီနီဗာမြို့တွင် ၁၈-၆-၂၀၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများကို သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး၊ ယင်းသည် ကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည်တို့နှင့် သွေဖည်လျက်ရှိသည်။ လူ့အခွင့်အရေးကောင်စီသည် အစည်းအဝေးကာလအတွင်း အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း အတည်ပြုချမှတ်ခဲ့သည်။ 

    မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည့် အချက်အလက်များအား ထောက်ပံ့ပေးခဲ့သော်လည်း မဟာမင်းကြီး၏ အစီရင်ခံစာနှင့် တင်ပြချက်တွင် လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ ပြောကြားချက်များကိုသာ အလေးပေးဖော်ပြခဲ့သည်။ ယင်းသည် လိုရာဆွဲဖော်ပြခြင်းဖြစ်ပြီး၊ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် ယုံကြည်မှုလျော့နည်းစေသည်။ တိုင်းရင်းသားအရေးနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများဖြစ်စေသော အေအေအကြမ်းဖက်အဖွဲ့၏ ဒေသခံလူထုအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အစီရင်ခံစာတွင် လျှော့ပေါ့ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အစီရင်ခံစာသည် အစိုးရကို ဆန့်ကျင်သည့် အခြားလက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်း လျှော့ပေါ့ဖော်ပြထားသည်။  

     မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံတင်ပြချက်များ သည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကြဉ်ရန် သိသာစွာဉီးတည်ထားသည်။ အပြန်အလှန် ဆွေးနွေးပွဲတွင် အထူးအစီရင်ခံစာတင်သွင်းသူသည် အဖျက်အမှောင့် သတင်းမီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် NUG နှင့် ဆက်နွယ်သော အကြမ်းဖက် PDF အဖွဲ့များ၏ စွပ်စွဲမှုများနှင့် ပုံဖော်ပြောဆို ဝါဒဖြန့်မှုများကိုသာ သံယောင်လိုက် ပြောဆိုထားသည်။ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ အပြစ်မဲ့အရပ်သား ၇,၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အထူးအစီရင်ခံစာတင်သွင်းသူသည် တရားမဝင်အဖွဲ့အစည်းများ၏ အကြမ်း ဖက်လုပ်ရပ်များနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ရှုတ်ချရမည့်အစား ယင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကို တိုက်တွန်းလျက်ရှိရာ၊ ပြည်သူအားလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေသည်။   

    အထူးအစီရင်ခံစာတင်သွင်းသူက ထုတ်ပြန်ထားသည့် တာဝန်မဲ့သော အစည်းအဝေးစာရွက်စာတမ်းများတွင် တရားဝင်ဘဏ်လုပ်ငန်းများသည် စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့နေသယောင် လွဲမှားစွာဖော်ပြထားရာ၊ အထင်အမြင်လွဲမှားမှုများ နက်ရှိုင်းစွာဖြစ်ပေါ်စေသည်။ ယင်းစာရွက် စာတမ်းများတွင် မြန်မာပြည်သူ များ၏ လူမှုစီးပွားဘဝအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ကို လျစ်လျူရှုလျက် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် မျှတမှုကင်းမဲ့စွာ တောင်းဆိုထားသည်။ 

    အိုအိုင်စီက မကြာသေးမီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုအပါအဝင် ယခင်လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများ၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုအသီးသီးသည် ၂ဝ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်၏ အဓိကအကြောင်းရင်းကို ဖော်ပြရန်ပျက်ကွက်သည်။ ယင်းပျက်ကွက်မှုက အဆိုပါဆုံးဖြတ်ချက်အဆိုများသည် ပြဿနာအား အဓိပ္ပာယ်ရှိစွာ စိတ်ရင်းမှန်ဖြင့် ဖြေရှင်းရန် ရည်ရွယ်ချက် ကင်းမဲ့သည်ကို ပြသနေသည်။ 

    အစိုးရသည် ၂ဝ၂၅ ခုနှစ်တွင် လွတ်လပ်ပြီး မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကာ၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများက မေတ္တာရပ်ခံသည့် ကွင်းဆင်းလေ့လာရေး၊ ခရီးသွားလာရေးနှင့် ဝန်ထမ်းများ နေရာရွှေ့ပြောင်းရေးတို့ကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

    နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် လုပ်ပိုင်ခွင့်များနှင့် ဆုံးဖြတ်ချက်အဆိုများ၊ ယင်းတို့၏ နောက်ဆက်တွဲ အပြန်အလှန်ဆွေးနွေးပွဲများသည် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူမပြုသဖြင့် မြန်မာနိုင်ငံက အစဉ်တစိုက်ဆန့်ကျင်သည်။ မြန်မာနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘက်မလိုက်ရေးအခြေခံမူများကို ကျင့်သုံးရန်နှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို သေးသိမ်စေပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးတို့အတွက် စစ်မှန်သည့် ကြိုးပမ်းမှုများကို ဟန့်တားခြင်းမပြုရန် တောင်းဆိုသည်။

    လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏ အပြန်အလှန်ဆွေးနွေးပွဲများနှင့် အိုအိုင်စီက တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်အသီးသီးကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့တို့၏ အင်တာနက်စာမျက်နှာများတွင် လေ့လာကြည့်ရှုနိုင်သည်။


နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေး(၃)ဦးအပါအဝင် ဒေသခံပြည်သူ (၁၀)ဦး သေဆုံး

အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေး(၃)ဦးအပါအဝင် ဒေသခံပြည်သူ (၁၀)ဦး သေဆုံး  

ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဇူလိုင်လ(၃)ရက်နှင့်(၄)ရက်နေ့များတွင် အကြမ်းဖက်သောင်းကျန်းသူများသည် လားရှိုးမြို့ရှိ လူနေအိမ်ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု‌ကြောင့် အသက်(၁၂)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေးငယ်(၃)ဦး၊ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း အပြည်မဲ့ပြည်သူ (၁၀)ဦး သေဆုံးခဲ့ပြီး ပြည်သူအချို့ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူများသည် ဇူလိုင်လ(၄)ရက်နေ့တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လားရှိုးမြို့၊ အမှတ်(၁၅)အခြေခံမူလတန်း(လွန်)ကျောင်းပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူများအား အသက်အန္တရာယ်ထိခိုက်သေကြေသည်အထိ စက်ဆုပ်ရွံရှာဖွယ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုသည် စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်သည်။ အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

Terrorists have unjustifiably attacked Lashio in Northern Shan State, killing 10 people, including 3 children.

 

On July 3rd and 4th, 2024, terrorist insurgents attacked residential areas in Lashio with explosive missiles, killing a total of 10 people - 3 children aged 12 and 14, 4 men, and 3 women. Some were also seriously injured. 

Additionally, on July 4th, the terrorist insurgents attacked Lashio with an explosive missile that struck and damaged a classroom at the No. 15 Post Primary School. 

These terrorist insurgents have unjustifiably attacked civilians with no connection to the conflict, putting their lives at risk and committing acts that can be classified as war crimes. 

To enhance security operations and ensure the safety of civilians, the security forces are collaborating with the local population. 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်စျာပန အခမ်းအနားသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ထွက်ခွာ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်စျာပန အခမ်းအနားသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ထွက်ခွာ 




  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်းငုယင်ဖုကျောက်၏ နိုင်ငံတော်စျာပန အခမ်းအနားသို့တက်ရောက်ရန်အတွက် ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားသည်။  
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ စစ်သံမှူးနှင့်သံရုံးမှတာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။  
    ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်းငုယင်ဖုကျောက်၏ နိုင်ငံတော်စျာပနအခမ်းအနားကို ဟနွိုင်းမြို့ရှိ အမျိုးသားစျာပနခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  
Crd#

Tuesday, July 16, 2024

ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ (၁၀၆) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-106) သို့ မြန်မာသံအမတ်ကြီး တက်ရောက်ပါဝင်ဆွေးနွေး

 



ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ (၁၀၆) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-106) သို့ မြန်မာသံအမတ်ကြီး တက်ရောက်ပါဝင်ဆွေးနွေး




ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (Organization for the Prohibition of Chemical Weapons-OPCW) ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ရုံးချုပ်၌ ၉-၇-၂၀၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိ ကျင်းပခဲ့သော OPCW ၏ (၁၀၆) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-106) သို့ OPCW ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် လူသားဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ CWC (Chemical Weapon Convention) စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးလုပ်ငန်းများတွင် AI နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ရေး၊ ယင်းအတွက် OPCW Technical Secretariat က အဖွဲ့ဝင်နိုင်ငံများကို လိုအပ်သည့်နည်းပညာနှင့် အခြားအရင်းအမြစ်များ ပံ့ပိုးကူညီပေးရေး၊ ကမ္ဘာ့နိုင်ငံများ၏ ဓာတုပစ္စည်းများ လွှဲပြောင်းမှုဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ (World Customs Organization-WCO) နှင့် ပူးပေါင်းဆောင်ရွက်သွားရေး၊ OPCW အ‌နေဖြင့် အဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းပညာနှင့် ဖွံ့ဖြိုးမှုအကူအညီပေးရေးအစီအစဉ်မှတစ်ဆင့် အရည်အသွေးမြှင့်တင်ရေးသင်တန်းများ (Capacity Building Trainings) နှင့် အခြားနည်းပညာအကူအညီများ တိုးမြှင့်ပံ့ပိုးပေးရေး၊ ကမ္ဘာ့ပထဝီ နေရာဒေသအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များကို OPCW Technical Secretariat တွင် တိုးမြှင့်ခန့်ထားရေးအတွက် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးမှုပြုခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် CWC စာချုပ်အား အတည်ပြုလက်မှတ်ရေးထိုးခဲ့ချိန်မှစ၍ ဓာတုလက်နက်ဖျက်သိမ်းရေးနှင့် တားဆီးပိတ်ပင်ရေးဆိုင်ရာလုပ်ငန်းများတွင် CWC၏ စည်းမျဉ်း ကတိကဝတ်များနှင့်အညီ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပြီး OPCW မှ ကြီးမှူးကျင်းပသည့် အစည်းအဝေးနှင့် သင်တန်းများတွင် တက်ကြွစွာပါဝင်ခဲ့ပါကြောင်း၊ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးလုပ်ငန်းများတွင် AI နည်းပညာအား ထိရောက်စွာအသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းပညာနှင့် အခြားအရင်းအမြစ်များတိုးမြှင့်ပေးအပ်ရေးကို ကြိုဆိုပါကြောင်း၊ Technical Secretariat တွင် ကမ္ဘာ့ပထဝီနေရာဒေသအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ၏ ကိုယ်စားပြုမှုအား တိုးမြှင့်ခန့်ထားရေးအတွက် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းကို ထောက်ခံအားပေးပါကြောင်းနှင့် မြန်မာနိုင်ငံမှဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနေဖြင့် Technical Secretariat ၏ “Talent Acquisition Programme” အောက်မှဆောင်ရွက်သည့် စွမ်းရည်မြှင့်သင်တန်းများတွင် ပူးပေါင်းပါဝင်တက်ရောက်ပြီး Technical Secretariat တွင် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ကြောင်း သိရသည်။





Monday, July 15, 2024

Carla Bruni (quelqu'un m'a dit )

 Carla Bruni ( quelqu'un m'a dit )





Lisa (ROCKSTAR)

 ROCKSTAR


ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယ ဝန်ကြီးချုပ်အား စုပေါင်းတွေ့ဆုံပြီ: ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံ

 



ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယဝန်ကြီးချုပ်အား စုပေါင်းတွေ့ဆုံပြီ: ထိုင်း၊ အိန္ဒိယ
နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံ




အလားတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ ဒေသစံတော်ချိန် ၁၂:၀၀ နာရီတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန်နှင့်လည်းကောင်း၊ ညနေ ၆ နာရီ ၁၅ မိနစ်တွင် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့်လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမိုဟာမတ်ဟာဆန်မာမွတ်နှင့်လည်းကောင်း နယူးဒေလီမြို့ရှိ တာ့ဂျဂ်ပဲလေ့စ်ဟိုတယ်၌ သီးခြားစီတွေ့ဆုံခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမူဘောင်များအောက်တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်အသိအမှတ်ပြုကြောင်း 
ထည့်သွင်းပြောကြားခဲ့သည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ အလားတူ ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးအပါအဝင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီးများ အသင်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် ဝန်ကြီးနှစ်ဦးသည် ဘင်းမ်စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် 
ဦးကျော်ညွန့်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...