Thursday, July 25, 2024

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

 လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း  

    ဂျီနီဗာမြို့တွင် ၁၈-၆-၂၀၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများကို သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး၊ ယင်းသည် ကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည်တို့နှင့် သွေဖည်လျက်ရှိသည်။ လူ့အခွင့်အရေးကောင်စီသည် အစည်းအဝေးကာလအတွင်း အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း အတည်ပြုချမှတ်ခဲ့သည်။ 

    မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည့် အချက်အလက်များအား ထောက်ပံ့ပေးခဲ့သော်လည်း မဟာမင်းကြီး၏ အစီရင်ခံစာနှင့် တင်ပြချက်တွင် လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ ပြောကြားချက်များကိုသာ အလေးပေးဖော်ပြခဲ့သည်။ ယင်းသည် လိုရာဆွဲဖော်ပြခြင်းဖြစ်ပြီး၊ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် ယုံကြည်မှုလျော့နည်းစေသည်။ တိုင်းရင်းသားအရေးနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများဖြစ်စေသော အေအေအကြမ်းဖက်အဖွဲ့၏ ဒေသခံလူထုအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အစီရင်ခံစာတွင် လျှော့ပေါ့ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အစီရင်ခံစာသည် အစိုးရကို ဆန့်ကျင်သည့် အခြားလက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်း လျှော့ပေါ့ဖော်ပြထားသည်။  

     မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံတင်ပြချက်များ သည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကြဉ်ရန် သိသာစွာဉီးတည်ထားသည်။ အပြန်အလှန် ဆွေးနွေးပွဲတွင် အထူးအစီရင်ခံစာတင်သွင်းသူသည် အဖျက်အမှောင့် သတင်းမီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် NUG နှင့် ဆက်နွယ်သော အကြမ်းဖက် PDF အဖွဲ့များ၏ စွပ်စွဲမှုများနှင့် ပုံဖော်ပြောဆို ဝါဒဖြန့်မှုများကိုသာ သံယောင်လိုက် ပြောဆိုထားသည်။ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ အပြစ်မဲ့အရပ်သား ၇,၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အထူးအစီရင်ခံစာတင်သွင်းသူသည် တရားမဝင်အဖွဲ့အစည်းများ၏ အကြမ်း ဖက်လုပ်ရပ်များနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ရှုတ်ချရမည့်အစား ယင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကို တိုက်တွန်းလျက်ရှိရာ၊ ပြည်သူအားလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေသည်။   

    အထူးအစီရင်ခံစာတင်သွင်းသူက ထုတ်ပြန်ထားသည့် တာဝန်မဲ့သော အစည်းအဝေးစာရွက်စာတမ်းများတွင် တရားဝင်ဘဏ်လုပ်ငန်းများသည် စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့နေသယောင် လွဲမှားစွာဖော်ပြထားရာ၊ အထင်အမြင်လွဲမှားမှုများ နက်ရှိုင်းစွာဖြစ်ပေါ်စေသည်။ ယင်းစာရွက် စာတမ်းများတွင် မြန်မာပြည်သူ များ၏ လူမှုစီးပွားဘဝအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ကို လျစ်လျူရှုလျက် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် မျှတမှုကင်းမဲ့စွာ တောင်းဆိုထားသည်။ 

    အိုအိုင်စီက မကြာသေးမီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုအပါအဝင် ယခင်လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများ၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုအသီးသီးသည် ၂ဝ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်၏ အဓိကအကြောင်းရင်းကို ဖော်ပြရန်ပျက်ကွက်သည်။ ယင်းပျက်ကွက်မှုက အဆိုပါဆုံးဖြတ်ချက်အဆိုများသည် ပြဿနာအား အဓိပ္ပာယ်ရှိစွာ စိတ်ရင်းမှန်ဖြင့် ဖြေရှင်းရန် ရည်ရွယ်ချက် ကင်းမဲ့သည်ကို ပြသနေသည်။ 

    အစိုးရသည် ၂ဝ၂၅ ခုနှစ်တွင် လွတ်လပ်ပြီး မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကာ၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများက မေတ္တာရပ်ခံသည့် ကွင်းဆင်းလေ့လာရေး၊ ခရီးသွားလာရေးနှင့် ဝန်ထမ်းများ နေရာရွှေ့ပြောင်းရေးတို့ကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

    နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် လုပ်ပိုင်ခွင့်များနှင့် ဆုံးဖြတ်ချက်အဆိုများ၊ ယင်းတို့၏ နောက်ဆက်တွဲ အပြန်အလှန်ဆွေးနွေးပွဲများသည် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူမပြုသဖြင့် မြန်မာနိုင်ငံက အစဉ်တစိုက်ဆန့်ကျင်သည်။ မြန်မာနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘက်မလိုက်ရေးအခြေခံမူများကို ကျင့်သုံးရန်နှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို သေးသိမ်စေပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးတို့အတွက် စစ်မှန်သည့် ကြိုးပမ်းမှုများကို ဟန့်တားခြင်းမပြုရန် တောင်းဆိုသည်။

    လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏ အပြန်အလှန်ဆွေးနွေးပွဲများနှင့် အိုအိုင်စီက တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်အသီးသီးကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့တို့၏ အင်တာနက်စာမျက်နှာများတွင် လေ့လာကြည့်ရှုနိုင်သည်။


နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေး(၃)ဦးအပါအဝင် ဒေသခံပြည်သူ (၁၀)ဦး သေဆုံး

အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေး(၃)ဦးအပါအဝင် ဒေသခံပြည်သူ (၁၀)ဦး သေဆုံး  

ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဇူလိုင်လ(၃)ရက်နှင့်(၄)ရက်နေ့များတွင် အကြမ်းဖက်သောင်းကျန်းသူများသည် လားရှိုးမြို့ရှိ လူနေအိမ်ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု‌ကြောင့် အသက်(၁၂)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေးငယ်(၃)ဦး၊ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း အပြည်မဲ့ပြည်သူ (၁၀)ဦး သေဆုံးခဲ့ပြီး ပြည်သူအချို့ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူများသည် ဇူလိုင်လ(၄)ရက်နေ့တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လားရှိုးမြို့၊ အမှတ်(၁၅)အခြေခံမူလတန်း(လွန်)ကျောင်းပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် ပြည်သူများအား အသက်အန္တရာယ်ထိခိုက်သေကြေသည်အထိ စက်ဆုပ်ရွံရှာဖွယ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုသည် စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်သည်။ အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

Terrorists have unjustifiably attacked Lashio in Northern Shan State, killing 10 people, including 3 children.

 

On July 3rd and 4th, 2024, terrorist insurgents attacked residential areas in Lashio with explosive missiles, killing a total of 10 people - 3 children aged 12 and 14, 4 men, and 3 women. Some were also seriously injured. 

Additionally, on July 4th, the terrorist insurgents attacked Lashio with an explosive missile that struck and damaged a classroom at the No. 15 Post Primary School. 

These terrorist insurgents have unjustifiably attacked civilians with no connection to the conflict, putting their lives at risk and committing acts that can be classified as war crimes. 

To enhance security operations and ensure the safety of civilians, the security forces are collaborating with the local population. 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်စျာပန အခမ်းအနားသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ထွက်ခွာ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်စျာပန အခမ်းအနားသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ထွက်ခွာ 




  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်းငုယင်ဖုကျောက်၏ နိုင်ငံတော်စျာပန အခမ်းအနားသို့တက်ရောက်ရန်အတွက် ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားသည်။  
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ စစ်သံမှူးနှင့်သံရုံးမှတာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။  
    ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်းငုယင်ဖုကျောက်၏ နိုင်ငံတော်စျာပနအခမ်းအနားကို ဟနွိုင်းမြို့ရှိ အမျိုးသားစျာပနခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  
Crd#

Tuesday, July 16, 2024

ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ (၁၀၆) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-106) သို့ မြန်မာသံအမတ်ကြီး တက်ရောက်ပါဝင်ဆွေးနွေး

 



ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ (၁၀၆) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-106) သို့ မြန်မာသံအမတ်ကြီး တက်ရောက်ပါဝင်ဆွေးနွေး




ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (Organization for the Prohibition of Chemical Weapons-OPCW) ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ရုံးချုပ်၌ ၉-၇-၂၀၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိ ကျင်းပခဲ့သော OPCW ၏ (၁၀၆) ကြိမ်မြောက် Executive Council အစည်းအဝေး (EC-106) သို့ OPCW ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် လူသားဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ CWC (Chemical Weapon Convention) စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးလုပ်ငန်းများတွင် AI နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ရေး၊ ယင်းအတွက် OPCW Technical Secretariat က အဖွဲ့ဝင်နိုင်ငံများကို လိုအပ်သည့်နည်းပညာနှင့် အခြားအရင်းအမြစ်များ ပံ့ပိုးကူညီပေးရေး၊ ကမ္ဘာ့နိုင်ငံများ၏ ဓာတုပစ္စည်းများ လွှဲပြောင်းမှုဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ (World Customs Organization-WCO) နှင့် ပူးပေါင်းဆောင်ရွက်သွားရေး၊ OPCW အ‌နေဖြင့် အဖွဲ့ဝင် ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းပညာနှင့် ဖွံ့ဖြိုးမှုအကူအညီပေးရေးအစီအစဉ်မှတစ်ဆင့် အရည်အသွေးမြှင့်တင်ရေးသင်တန်းများ (Capacity Building Trainings) နှင့် အခြားနည်းပညာအကူအညီများ တိုးမြှင့်ပံ့ပိုးပေးရေး၊ ကမ္ဘာ့ပထဝီ နေရာဒေသအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များကို OPCW Technical Secretariat တွင် တိုးမြှင့်ခန့်ထားရေးအတွက် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးမှုပြုခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် CWC စာချုပ်အား အတည်ပြုလက်မှတ်ရေးထိုးခဲ့ချိန်မှစ၍ ဓာတုလက်နက်ဖျက်သိမ်းရေးနှင့် တားဆီးပိတ်ပင်ရေးဆိုင်ရာလုပ်ငန်းများတွင် CWC၏ စည်းမျဉ်း ကတိကဝတ်များနှင့်အညီ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပြီး OPCW မှ ကြီးမှူးကျင်းပသည့် အစည်းအဝေးနှင့် သင်တန်းများတွင် တက်ကြွစွာပါဝင်ခဲ့ပါကြောင်း၊ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးလုပ်ငန်းများတွင် AI နည်းပညာအား ထိရောက်စွာအသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းပညာနှင့် အခြားအရင်းအမြစ်များတိုးမြှင့်ပေးအပ်ရေးကို ကြိုဆိုပါကြောင်း၊ Technical Secretariat တွင် ကမ္ဘာ့ပထဝီနေရာဒေသအရပ်ရပ်ရှိ အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ၏ ကိုယ်စားပြုမှုအား တိုးမြှင့်ခန့်ထားရေးအတွက် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းကို ထောက်ခံအားပေးပါကြောင်းနှင့် မြန်မာနိုင်ငံမှဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအနေဖြင့် Technical Secretariat ၏ “Talent Acquisition Programme” အောက်မှဆောင်ရွက်သည့် စွမ်းရည်မြှင့်သင်တန်းများတွင် ပူးပေါင်းပါဝင်တက်ရောက်ပြီး Technical Secretariat တွင် အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ကြောင်း သိရသည်။





Monday, July 15, 2024

Carla Bruni (quelqu'un m'a dit )

 Carla Bruni ( quelqu'un m'a dit )





Lisa (ROCKSTAR)

 ROCKSTAR


ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယ ဝန်ကြီးချုပ်အား စုပေါင်းတွေ့ဆုံပြီ: ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံ

 



ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယဝန်ကြီးချုပ်အား စုပေါင်းတွေ့ဆုံပြီ: ထိုင်း၊ အိန္ဒိယ
နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီတွေ့ဆုံ




အလားတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ ဒေသစံတော်ချိန် ၁၂:၀၀ နာရီတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန်နှင့်လည်းကောင်း၊ ညနေ ၆ နာရီ ၁၅ မိနစ်တွင် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့်လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမိုဟာမတ်ဟာဆန်မာမွတ်နှင့်လည်းကောင်း နယူးဒေလီမြို့ရှိ တာ့ဂျဂ်ပဲလေ့စ်ဟိုတယ်၌ သီးခြားစီတွေ့ဆုံခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ဘင်းမ်စတက်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမူဘောင်များအောက်တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများ၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်အသိအမှတ်ပြုကြောင်း 
ထည့်သွင်းပြောကြားခဲ့သည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ အလားတူ ပေါင်းစည်းဆက်နွှယ်ချိတ်ဆက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးအပါအဝင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီးများ အသင်းများအကြား ပူးပေါင်းဆောင်ရွက်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် ဝန်ကြီးနှစ်ဦးသည် ဘင်းမ်စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် 
ဦးကျော်ညွန့်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ Founding President ဖြစ်သူကို လက်ခံတွေ့ဆုံ

 

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ Founding President ဖြစ်သူကို လက်ခံတွေ့ဆုံ



ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အခြေခံလျက် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်လျက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဆွေးနွေးပွဲအပြီးတွင် Mr. Li Fu Quan က အမြဲတမ်းအတွင်းဝန်အား “တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲပါစေ”ဟု ရေးသားထားသည့် စာတန်းပါဆိုင်းဘုတ်ကို အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Thursday, July 11, 2024

ARSA chief’s personal secretary arrested in Cox’s Bazar

 

ARSA chief’s personal secretary arrested in Cox’s Bazar

Noman is one of the militants involved in the killing of a high-ranking national intelligence official on 14 November 2022, according to RAB


Rapid Action Battalion (RAB) arrested Md Ershad Noman Chowdhury, personal assistant and finance coordinator of the Arakan Rohingya Salvation Army (ARSA) Chief Ataullah from Cox's Bazar's Kutupalong on Monday (2 October). 

According to the RAB,Noman was one of the terrorists involved in the killing of a high-ranking national intelligence official on 14 November 2022. "The RAB conducted a joint operation with the national intelligence agency against militants in Bandarban's Nakhyangchhari on 14 November 2022. The squadron leader of the national intelligence agency was killed in the firing and sharp weapons attack of the militant group," RAB-15 Captain Lt Col Sazzad Hossain said at a press conference on Monday afternoon. 

He said RAB Constable Sohel Barua was also injured during the attack, and the elite force is making various efforts to arrest those involved in the incident.

As part of the ongoing effort, ARSA militants Hafez Nur Mohammad and Rahimullah Prakash Musa were arrested on 21 July and 26 September.

The RAB-15 captain said Noman is the personal assistant of ARSA Chief Ataullah and also the organisation's finance coordinator. Noman also confessed his participation in the incident of 14 November 2022 during RAB's interrogation.

crd# THE BUSINESS STANDARD




4 Rohingyas killed in fresh violence in Bangladesh refugee camps

 

4 Rohingyas killed in fresh violence in Bangladesh refugee camps


Dhaka, Dec 6 (EFE) – At least four Rohingyas were killed and two others were injured during the last 24 hours in fresh incidents of violence at the refugee camps in southeastern Bangladesh, authorities said on Wednesday.

Armed police battalions in charge of security at the camps confirmed the killing of Rohingyas in their respective areas in three separate incidents between 1pm and 11pm on Tuesday.

The police blamed the Rohingya militant outfit Arakan Rohingya Salvation Army (ARSA) for the killing of the refugees.

In the first incident, police commander Mohammad Iqbal said ARSA criminals shot a Rohingya refugee to death near Madhuchara camp on Tuesday afternoon.

The same criminal gang killed another Rohingya man around 8pm in a neighboring camp, he said.

Another armed police commander Amir Jafar said ARSA members ambushed a group of Rohingyas near Jamtoli camp between 7pm and 8pm, leaving one dead on the spot and three others critically injured.

One of the injured refugees, who was also hacked by the assailants, died at a hospital in the camp, around 11pm, said the police officer.

“It was mainly a clash between ARSA and RSO (Rohingya Solidarity Organization). ARSA men attacked RSO members,” said Jafar.

In 2017, ARSA allegedly carried out a series of attacks against security forces in Myanmar’s southern Rakhine province, leading to a brutal retaliatory campaign by the army that resulted in around 774,000 Rohingyas fleeing to Bangladesh, a number that has since increased to nearly a million.

Bangladesh had previously denied the presence of Rohingya militants among the refugees living in crowded camps in the country.

According to the Bangladeshi defense ministry, at least 11 armed groups, including ARSA, are now active within the camps, leading to an increase in crimes, including abduction and murder.

In July, the nonprofit Human Rights Watch reported the deaths of at least 48 Rohingya members in the first half of 2023, mainly at the hands of armed gangs in the camps, surpassing the 40 deaths recorded in 2022.
Crd# EFE News Agency

“နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ(၁-၃-၂၀၂၄)”အား



“နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)”အားပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ(၁-၃-၂၀၂၄)”အား ပယ်ဖျက်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား အသိပေးကြေညာခြင်း”

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်မှု လွှမ်းခြုံမှုမြင့်မားစေရန် ဆောင်ရွက်နိုင်မှုများနှင့် ပြည်သူလူထုအနေဖြင့် ပုံမှန်နေထိုင်မှုပုံစံသစ် (New Normal Setting) အား လိုက်နာကျင့်သုံးလာမှုများကြောင့် ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားမှုများ သိသာစွာကျဆင်းလာပြီး ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြေလျှော့မှုများဆောင်ရွက်နိုင်ရန် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ဖြေလျှော့ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်“နိုင်ငံတကာလေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဝင်/ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည့်ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များ (၁-၃-၂၀၂၄)”အား ပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား အသိပေးကြေညာအပ်ပါသည်။

NUG ၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသောနိုင်ငံများသို့ အိတ်ဖွင့်ပေးစာ

 

NUG၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသောနိုင်ငံများသို့ အိတ်ဖွင့်ပေးစာ



NUG,PDF အဖွဲ့မှ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်သည် Video

အမည်မဖော်လိုသူပြည်သူတစ်ဦး

ယခုတလော လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့ရတဲ့ NUG၊ PDF အဖွဲ့များရဲ့ ရက်စက်ကြမ်းတမ်းစွာ လူမဆန်သည့် အကြမ်းဖက်လူသတ်ခဲ့တဲ့ သတင်းများကို မြင်တွေ့မိပြီး အကြမ်းဖက်အားပေးနေသူများသိစေရန် တာဝန်သိပြည်သူတစ်ဦးအနေနဲ့ ယခုအိတ်ဖွင့်ပေးစာကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့ကစပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ PDF အချင်းချင်း သတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်သတ်ဖြတ်မှု ဗီဒီယိုဖိုင်တစ်ခုဟာ မြင်တွေ့ရသူတိုင်းစိတ်နှလုံး ထိခိုက်ဖွယ်မြင်ကွင်းဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူလေးဦးကို လက်နောက်ပြန်ကြိုးတုပ် စစ်ဆေးမေးမြန်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။ သတ်ဖြတ်ကြသူတွေဟာ အကြမ်းဖက်ခေါင်းဆောင် စနေနဲ့အဖွဲ့သားများဖြစ်ကြပြီး ပြည်သူလူထုဆီကနေ ဓားပြတိုက်ပြီး ရရှိလာတဲ့ငွေကြေးတွေကို ၎င်းတို့အဖွဲ့ထဲက အဖွဲ့ဝင်တချို့က ခိုးယူထွက်ပြေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာတော့ ရက်ရက်စက်စက် ခေါင်းဖြတ်၊ နားရွက်ဖြတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ခုတ်ထစ် သတ်ဖြတ်နေကြတာကို တွေ့ရပါတယ်။


ဗီဒီယိုဖိုင်ထဲက အကြမ်းဖက်လုပ်ရပ်ဟာ ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် လက်ခံလို့မရဘဲ လူစိတ်ကင်းမဲ့ကာ သတ်ဖြတ်နေသူများဟာ မူးယစ်ဆေးဝါးသုံးစွဲထားတယ်လို့ ယူဆရပါတယ်။ မြင်တွေ့ရသူတိုင်း စိတ်နှလုံးမချမ်းမြေ့ရသလို ဒီလိုရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း လုပ်နေသူများကိုလည်း အားမပေးသင့်ဘူးလို့ ထင်မြင်မိပါတယ်။နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆုံရွာကျေးရွာကို ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က PDF အကြမ်းဖက်သမားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြပါတယ်။ ဒီလိုပစ်ခတ်တိုက်ခိုက်ရတဲ့ အကြောင်းရင်းက သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်ကို မထောက် ခံလို့၊ အမြင်မတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ ဒီလိုအရပ်သားများသာရှိနေတဲ့ ရွာထဲကို ရည်ရွယ် ချက်ရှိရှိပစ်ခတ်ခဲ့ကြလို့ နေအိမ်တွေပေါ် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူအမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ကျေးရွာအတွင်းက နေအိမ်အလုံး ၅၀ ခန့်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ သေဆုံးသူများထဲမှာ ကလေးငယ်များပါဝင်နေပြီး လက်နက်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

NUG အဖွဲ့ရဲ့ ကြိုးကိုင်စေခိုင်းမှုကြောင့် PDF အဖွဲ့များဟာ ဒီလိုလူသတ်အကြမ်းဖက် လုပ်ရပ်များသာမက စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကို နှောင့်ယှက်တိုက်ခိုက်ခြင်းဆိုတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိတာကို သူတို့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ လူမှုကွန်ရက်သတင်းတွေမှာ သက်သေအထောက်အထားများနဲ့တကွ မကြာခဏမြင်တွေ့ ကြားသိနေရပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်ကန်စွာရှုမြင်သုံးသပ် ကြည့်လိုက်ရင် နိုင်ငံရေးရယူလိုမှုကို အကြောင်းပြချက်ပေးပြီး လူသတ်အကြမ်းဖက်လုပ်ရပ်နဲ့ အစွန်းရောက်ဝါဒကို NUG၊ PDF တို့ ကျင့်သုံးနေတာကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ NUG ကို အလွတ်သဘောထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံမှာ နစကအစိုးရပြုတ်ကျရေး ဖိအားပေးလိုတာ တစ်ခုတည်းနဲ့ NUG၊ PDF တွေရဲ့ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ခြင်းစတဲ့ ကိစ္စရပ်တွေကို လျစ်လျူရှုထားပြီး ပုံသဏ္ဌာန်မျိုးစုံနဲ့ ထောက်ပံ့ဖို့ ကြိုးစားနေကြတာ မလုပ်သင့်တဲ့ လုပ်ရပ်များဖြစ်ပါတယ်။ ဒီလိုတာဝန်မဲ့ပြီး အကြမ်းဖက်ဝါဒအားပေးရေးလုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ဒီလိုစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ NUG၊ PDF တွေကို ငွေကြေးထောက်ပံ့ခြင်း၊ နေထိုင်စရာခိုလှုံခွင့်ပေးခြင်းနှင့် အလွတ်သဘော ထိတွေ့မှုပြုလုပ်ပေးနေခြင်းဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို အသိအမှတ်ပြုပြီး အားပေးထောက်ခံတဲ့သဘော သက်ရောက်နေပါတယ်။

PDF တွေအနေနဲ့ စည်းစနစ်မရှိဘဲ ပရမ်းပတာဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်တာကြောင့် လက်နက်မရှိတဲ့ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေတာတင်မကတော့ဘဲ အချိန်ကြာလာတဲ့အခါမှာ PDF အကြမ်းဖက်အဖွဲ့အချင်းချင်းလည်း ခေါင်းစဉ်မျိုးစုံနဲ့ အပြန်အလှန်သတ်ဖြတ်မှုတွေ ကျူးလွန်နေကြခြင်းဖြစ်ပါတယ်။

ဒီလိုသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို အမေရိကန်အပါအဝင် NUG နဲ့ PDF တွေကို ထိတွေ့ဆက်ဆံနေတဲ့နိုင်ငံများ မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ PDF များရဲ့ အကြမ်းဖက်မှု ကျူးလွန်နေတဲ့ ဗီဒီယိုဖိုင်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ သိသိသာသာ ပျံ့နှံ့နေတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးတွေရဲ့ သတင်းပို့တင်ပြချက်တွေရှိနေမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းများကလည်း နိုင်ငံတကာကို သတင်းများပေးပို့ပြီး NUG၊ PDF အဖွဲ့များရဲ့အကြမ်းဖက်လုပ်ရပ်များကို မီးမောင်းထိုးပြပေးနေပါတယ်။ ဒီလို အကြမ်းဖက်အဖွဲ့အစည်းတွေကို အမေရိကန်နိုင်ငံအနေနဲ့ အဆင်အခြင်ကင်းမဲ့စွာ ထောက်ခံအားပေးနေတာဟာ အလွန်အံ့ဩဖွယ် ကောင်းလှပါတယ်။

အမေရိကန်အစိုးရအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အကူအညီပေးရေးရန်ပုံငွေ ထဲကနေ မြန်မာနိုင်ငံက အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေနဲ့ NUG၊ PDF အဖွဲ့များအတွက် စစ်လက်နက်မဟုတ်တဲ့ ကူညီထောက်ပံ့မှု (Nonlethal Aid) နဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ (Humanitarian Aid) ပေးအပ်သွားမယ်လို့ကြေညာထားတာတွေ့ရပါတယ်။ မည်သို့ပင် Nonlethal Aid လို့ ခေါင်းစဉ်တပ်နေပေမယ့် လက်တွေ့မှာ အမေရိကန်ထောက်ပံ့ငွေများဟာ အကြမ်းဖက်မှုတွေလုပ်ဖို့နဲ့ လက်နက်ဝယ်ဖို့ထောက်ပံ့ကြေးဖြစ်သွားတယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံနဲ့ အပေါင်းအပါနိုင်ငံများက NUG၊ PDF အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုပြီး သူတို့ကို အားပေးထောက်ခံမှုပြုတယ်ဆိုတဲ့အချက်ဟာလည်း NUG၊ PDF အဖွဲ့များ အတွက် စိတ်ဓာတ်ခွန်အားများရရှိစေကာ ယခုလိုရက်စက်ကြမ်းတမ်းတဲ့လုပ်ရပ်များကို အတိုင်းအဆမရှိ အထိန်းအကွပ်မဲ့ ဆက်လက်လုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေမှန်တွေကို သေချာစွာလေ့လာစိစစ်ဖို့လိုပြီး နစကအစိုးရ ဆန့်ကျင်ရေးလော်ဘီသတင်းဌာနတွေရဲ့ ဖော်ပြချက်သတင်းမှားတွေမှာပဲ လမ်းဆုံးမနေကြဖို့ ဒီစာကနေတစ်ဆင့် အသိပေးလိုပါတယ်။ ဒါကလည်း အမေရိကန်ပြည်သူတွေရဲ့ အဖိုးတန်တဲ့ဘဏ္ဍာငွေတွေကို အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေ ဖန်တီးတဲ့နေရာမှာ အသုံးမပြုမိစေဖို့ စေတနာရှေ့ထားပြီး ထောက်ပြရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ အလားတူပဲ NUG ကို အလွတ်သဘော ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများအနေနဲ့လည်း မိတ်ဆွေတို့ရဲ့လုပ်ရပ်များဟာ PDF အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုရာရောက်တယ်ဆိုတာကို သိစေအပ်ပါတယ်။

 NUG၊ PDF အဖွဲ့တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ကြိုးစားနေတဲ့ အကြမ်းဖက်ဝါဒပုံစံအသစ်ကို ဒေသတွင်းနိုင်ငံများသို့ မပျံ့နှံ့စေရေးအတွက် NUG၊ PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံမှုများ မပြုလုပ်ကြရန် တောင်းဆိုချင်ပါတယ်။

ယခုအခါမှာ NUG ခေါင်းဆောင်ပိုင်းအချင်းချင်းနဲ့ လော်ဘီများအချင်းချင်းလည်း ပြည်သူတွေဆီကနေ လိမ်လည်ကောက်ခံထားတဲ့ ငွေကြေးအရှုပ်တော်ပုံတွေ၊ နိုင်ငံရပ်ခြားမှာ မိသားစုလိုက်ခေါ်ပြီး တိုက်တွေ၊ ကားတွေဝယ်ပြီး သောက်စားဇိမ်ခံနေကြတဲ့ မြင်ကွင်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်း/ပြည်ပက သူတို့ကိုထောက်ခံနေတဲ့သူတွေ ကိုယ်တိုင်အယုံအကြည် မရှိကြတော့တဲ့အခြေအနေများ ဖြစ်ပေါ်နေပါတယ်။ ၎င်းတို့အချင်းချင်းလည်း အပြန်အလှန်စွပ်စွဲမှုတွေနဲ့ တစ်စထက်တစ်စ ပြိုကွဲနေပြီဖြစ်သလို ပြည်တွင်းက ပြည်သူအများစုကလည်း NUG၊ PDF တွေရဲ့ လွဲမှားတဲ့လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးရည်မှန်းချက်ကိုရယူဖို့ ကြိုးစားနေမှုများကို သိရှိနားလည်ပြီး ထောက်ခံအားပေးမှုတွေ လျော့ကျနေပြီဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေခြင်းများကို ရွံရှာမုန်းတီးနေကြပြီဖြစ်ပါတယ်။

ယခုဖော်ပြခဲ့တဲ့ NUG၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်များ အထူးသဖြင့် လူမဆန်စွာ သတ်ဖြတ်နေတဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံအတွင်း ထပ်မံမဖြစ်ပွားစေရေးအတွက် ဒီလိုအဖွဲ့အစည်းတွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံအားပေးနေခြင်း မလုပ်သင့်ပါကြောင်း တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ပြည်သူတစ်ဦးအနေနဲ့ အိတ်ဖွင့်ပေးစာရေးသားပြီး တောင်းဆိုလိုက်ပါတယ်။

 



ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ






ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်း ညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်၏ စီစဉ် ကြီးကြပ်မှု၊ New Chaung Tha Hotel ၏ ပူးပေါင်းကူညီမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ ကမ်းခြေရှိ ဟိုတယ်/ တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဟိုတယ်/တည်းခို ရိပ်သာ ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ ကိုဖွင့်လှစ်ပို့ချလျက်ရှိသည်။

ဖွင့်လှစ်ပို့ချလျက်ရှိသည့်သင်တန်းများမှာ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ) သင်တန်း များ၊ Basic Front Office TrainingBasic House Keeping Training နှင့် Food and Beverage Services Training စသည့် သင်တန်း (၃) မျိုးဖြစ်ပြီး  သင်တန်းဖွင့်ပွဲကို ချောင်းသာဟိုတယ်ဇုန်ရှိ Gerizim Hotel ၌ ၈-၇-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

  သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုသိမ်ရုံးခွဲမှ ညွှန်ကြား ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အဆိုပါသင်တန်းများကို ၈-၇-၂၀၂၄ ရက်နေ့မှ ၇-၈-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ သင်တန်းသား/ သင်တန်း သူ (၈၈) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

Crd# Ministry of Hotels and Tourism


Wednesday, July 3, 2024

ရန်ကုန်မြို့မှ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသွား ပြည်သူ တစ်ဦးသေဆုံးနှင့် ၂၄ ဦးထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦးသေဆုံးနှင့် ၂၄ ဦးထိခိုက်ဒဏ်ရာရရှိ


၃၀-၆-၂၀၂၄ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ချောင်းဦး မြို့နယ်၊ ငါးယှန်ကျေးရွာအနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 



ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် ရွှေစင်စင်္ကြာ၊ စိန်ဌေးလှိုင်၊ နယူးစွမ်း၊ Famous၊ ရွှေမန္တလာ၊ ‌ရွှေသလ္လာခရီးသည်တင်ယာဉ်အပါအဝင် စုစုပေါင်းခရီးသည်တင်ယာဉ် ၈ စီးတို့သည် ရန်ကုန်မှထွက်ခွာလာစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာ အနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါ PDFအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး သံဃာတော် တစ်ပါးနှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

Tuesday, July 2, 2024

ရခိုင်နယ်ရှိ ရခိုင်မျိုးနွယ်စု( ၇ ) မျိုးတို့နေထိုင်ရာဒေသများ

 


ရခိုင်လူမျိုးနွယ်စု(၇) မျိုး‌နေထိုင်ရာဒေသများ



ရခိုင်ပြည်နယ်တွင် အများဆုံးနေထိုင်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်းကောင်း၊ ကျန်ပြည်နယ်နှင့်တိုင်းများတွင် လည်းကောင်း ပြန့်နှံ့နေထိုင်ကြသည်။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ(၃) ခရိုင် မြို့နယ်ကျေးရွာများတွင် အများဆုံးနေထိုင်ကြသည်။

ကမန်လူမျိုး။

သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ဝန်းကျင်တွင် နေထိုင်ကြပါသည်။

မြိုလူမျိုး။

ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့်ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့များ လေးမြို့ချောင်းများတွင်

ချင်းပြည်နယ်ပလက်ဝမြို့နယ်နှင့် ကုလားတန်မြစ်ရိုးတစ်လျှောက်တွင် နေထိုင်ကြသည်။

ဒိုင်းနက်သဣမလူမျိုး။


ဒိုင်းနက်(၈)မျိုးအနက် လက်ဝဲတောင်ဒိုင်းနက်များသည် ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့များတွင်နေထိုင်ကြသည်။ မောင်ညိုတောင်ဒိုင်းနက်တို့သည် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်တို့တွင် နေထိုင်ကြသည်။ ဒိုင်းနက်လူမျိုးကျန်ဒိုင်းနက်တို့သည် ဘူးသီးတောင်၊ မောင်တောမြို့ နယ်များနှင့် လေးမြို့ချောင်းများတွင် ပြန့်နှံ့နေထိုင်ကြသည်။ စစ်တွေမြောက်ဘက် ရခိုင်တောင်ရိုးပိုင်းတွင် အများဆုံးနေထိုင်ကြသည်။

မရမာကြီးလူမျိုး။

မရမာကြီးတို့သည် ရခိုင်ပြည်နယ်တွင် အစဉ်အမြဲ နေထိုင်သူများဖြစ်ကြပြီး စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပန်းမြောင်း၊ ဖုံသာ၊ ဆင်အိုးရွာ၊ မြေပုံနှင့် ကျောက်ဖြူမြို့နယ်တို့တွင် မြို့ပေါ်နှင့်ကျေးရွာအသီးသီးတို့တွင် နေထိုင်ကြသည်။ 

ခမီလူမျိုး။

    ခမီတိုင်းရင်းသားတို့သည် ရခိုင်ပြည်နယ်အနှံ့နှင့် ကစ္ဆပ္ပနဒီမြစ်အထက်၊ အောက်လေးမြို့မြစ်တစ်လျှောက်၊ ဘင်္ဂလားဒေ့ရှ်အရှေ့ဘက်၊ စစ်တကောင်းတောင်တန်း နယ်စပ်ဒေသတစ်လျှောက်တွင် ပြန့်နှံ့နေထိုင်ကြသည်။ ထို့အပြင် မောင်တောမြို့နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ် အနောက်ပိုင်းတောတောင်ဒေသများတွင်လည်း ပြန့်နှံ့နေထိုင်ကြပါသည်။ တချို့မှာ ရခိုင်ရိုးမ အရှေ့ဘက်၊ မကွေးတိုင်းတွင် ပြန့်နှံ့နေထိုင်ကြသည်။

သက်လူမျိုး။


ရခိုင်ပြည်နယ်၏ တောင်ရိုးနယ်များဖြစ်သော ဝေလာတောင်ကျေးရွာ၊ ခမောင်းဆိပ်၊ အောင်ချမ်းသာကျေးရွာ၊ တပ်ချောင်းကျေးရွာ၊ မင်္ဂလာညွန့်၊ တမန်းသား၊ သက်ကိုင်ညှာ၊ ရန်အောင်မြင်၊ အောင်ဇေယျ၊ လေးမိုင်မန်ကျည်းကုန်းကျေးရွာတို့တွင်လည်းကောင်း၊ ဘူးသီးတောင်မြို့နယ် ကျွန်းပေါက်၊ ကထီးလှ၊ ဂုပ္ပီ (အောင်ဇေယျ) ကျေးရွာတို့တွင်လည်းကောင်း၊ ရသေ့တောင်မြို့နယ် အောင်ဆိပ်၊ ချွတ်ပြင်၊ ချောင်းဝ၊ တောင်ရင်း တောင်တန်းရပ်ကွက်တို့တွင်လည်းကောင်း၊ မြောက်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက်၊ ဆင်ချဆိပ်၊ မြို့သစ် ရပ်ကွက်များတွင်လည်းကောင်း၊ စစ်တွေမြို့ပေါ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပြန့်ကျဲနေထိုင်လျက်ရှိကြပေသည်။

တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန်လိုအပ်

 

တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန်လိုအပ်


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဇူလိုင် ၁ ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းမှ တိုင်းပြည်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးကိုမထိခိုက်စေဘဲစစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံး မိမိတို့ကျရာကဏ္ဍမှ ဆက်လက်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းကိစ္စရပ်များကိုလည်းကောင်းတင်ပြကြပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် (၁/၂၀၂၄) တိုင်းရင်းသားရိုးရာအက မွမ်းမံသင်တန်းဆင်းပွဲအခမ်း အနားသို့တက်ရောက်ပြီး တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုနှင့်ယဉ်ကျေးမှုအကအလှများကို တီထွင်ဆန်းသစ်ရာ၌ မူလရိုးရာကို မပျောက်ပျက်စေရေး၊ တည်တံ့ထိန်းသိမ်းနိုင်ရေးကို အထူးသတိရှိကြရန်လိုကြောင်းနှင့် သင်ယူတတ်မြောက်ထားရှိသည့် ယဉ်ကျေးမှုအနုပညာ၊ အကအလှများကိုလည်း လက်ဆင့်ကမ်းဆင့်ပွားသင်တန်းများ ပုံမှန်ဖွင့်လှစ်သွားရန် တိုက်တွန်းပါကြောင်းပြောကြားကာ သင်တန်းသူ၊သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များနှင့် အကနည်းပြများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်အစိုးရမှ ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

 

နိုင်ငံတော်အစိုးရမှ ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်




    နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည့်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနှင့်သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ 
    မြန်မာနိုင်ငံသူ မနေဇာဝင်းသည် မြန်မာနိုင်ငံမှ ယူအေအီးနိုင်ငံ Sharjah ပြည်နယ်တွင် အလုပ်လုပ်ကိုင်စဉ် အတူတူအလုပ်လုပ်ကိုင်သည့် ဖိလစ်ပိုင်လူမျိုးနှင့် အဆင်မပြေသဖြင့် အေဂျင်စီရုံးသို့ ပြန်လာခဲ့ပြီး နောက်ဆုံးအလုပ်လုပ်ကိုင်ခဲ့သည့် အလုပ်ရှင်နေအိမ်သို့ရောက်ရှိခဲ့ကာ အိမ်ရှင်အမျိုးသမီးက မကြာခဏဆူပူကြိမ်းမောင်းမှုများ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ကြုံတွေ့ရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ ဆက်လက်အလုပ်လုပ်ကိုင်ရန် ဆန္ဒမရှိတော့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုကြောင်း အေးဂျင့်ရုံးသို့ပြောပြကာ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသို့ အကူအညီတောင်းခံမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့ပြီး ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
    ဆော်ဒီအာရေဗျနိုင်ငံ အဘူဒါဘီမြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုနှင့်စပ်လျဉ်း၍ မနေဇာဝင်းက “ကျွန်မက အရှေ့ဒဂုံမြို့နယ်မှာ နေပါတယ်။ ဒူဘိုင်းနဲ့ အဘူဒါဘီမြို့မှာ အလုပ်လုပ်ခဲ့တာနှစ်နှစ်ကျော်ကြာခဲ့ပါတယ်။ လုပ်ခလစာအပြည့်ရပေမယ့်အစားအသောက်၊ နေထိုင်မှုအဆင်မပြေပါဘူး။ အလုပ်ရှင်အမျိုးသမီးရဲ့ မကြာခဏ ရိုက်နှက်တာကို ခံရတယ်။ ဆက်ပြီးလုပ်ကိုင်ဖို့ အဆင်မပြေတော့တဲ့အတွက် အမိနိုင်ငံကို ပြန်ချင်တာကြောင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးနဲ့ ဆက်သွယ်ပြီး အခုလိုပြန်ခွင့်ရခဲ့တာပါ။ သူတစ်ပါးနိုင်ငံမှာ အခက်အခဲဖြစ်နေချိန် မိမိနိုင်ငံသားတွေရဲ့ နွေးထွေးတဲ့ကူညီစောင့်ရှောက်မှုဟာ ဘာနဲ့မှလဲလို့မရတဲ့ မေတ္တာဓာတ် တစ်ခုပါပဲ။ ဖြစ်နိုင်ရင်မသွာစေချင်ပါဘူး။ ဘာသာစကားကျွမ်းကျင်ပြီး သည်းခံနိုင်စွမ်းနဲ့ ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ပင်ပန်းတဲ့ဒဏ်၊ အိပ်ရေးမဝတဲ့ဒဏ်ကို သွားတဲ့သူတိုင်း ကြုံရမှာပါ။ အဲဒီမှာအလုပ်လုပ်ရင် ၉၀ ရာခိုင်နှုန်း အဆင်မပြေကြတာများမှာပါ။ အခုလိုနိုင်ငံတော်က အမိနိုင်ငံသားတွေ ဒုက္ခကြုံတွေ့နေရချိန်မှာ မိသားစုလို ကူညီစောင့်ရှောက်ပေးခဲ့မှုကို ဘယ်လိုမှမေ့ဖျောက်လို့မရပါဘူး။ နိုင်ငံတော်အစိုးရက တာဝန်ရှိသူများနဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီပေးခဲ့သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒုက္ခရောက်နေသူများကို ဆက်ပြီးကူညီစောင့်ရှောက်ပေးနိုင်ပါစေလို့ ဆုတောင်းနေပါတယ်” ဟု ပြောကြားသည်။
    ယူအေအီးနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့်အဆင်မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးနှင့် အလုပ်ရှင်တို့က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့်ဆင့်ထံ လက်လွှဲအသုံးချခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။
     နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလိုအမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့ နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့်မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှိုက်လှဲလှဲအထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

(၂၆) ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီ အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့ မြန်မာသံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်





(၂၆) ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီ အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့ မြန်မာသံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက် 



ပရာ့ဂ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ လက်ရှိဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Ms. Suzilah Mohd Sidek က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဦးစီးကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးနှင့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ သံရုံးအကြီးအကဲများသည်(၂၅)ကြိမ်မြောက် အာဆီယံ-
ပရာ့ဂ် ကော်မတီအစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်ခဲ့သည့် ပူးတွဲလှုပ်ရှားမှုများ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်းနှင့် ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ကော်မတီမှဆောင်ရွက်နိုင်မည့် လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်အား မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Ms. Suzilah Mohd Sidek မှ ဗီယက်နမ် နိုင်ငံသံအမတ်ကြီး H.E. Mr. Hoai Nam Duong ထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်

 

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသော ငြိမ်းချမ်းစွာအယှဉ်တွဲ

နေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက် 





နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ Great Hall of the People ၌ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်၏ အရေးကြီးသည့် အနှစ်သာရနှင့် ကမ္ဘာလုံးဆိုင်ရာ အရေး ကြီးသည့် ပြောင်းလဲမှုများအကြား လူသားများအတွက် အေးအတူပူအမျှ အသိုက်အဝန်းတည်ထောင်ရန် လမ်းကြောင်း၏ ညွှန်ပြမှုတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ (ငြိမ်း) နှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး နိုင်ငံအကြီးအကဲဟောင်းနှင့် အစိုးရအဖွဲ့အကြီးအကဲဟောင်း (၂၀) အပါအဝင် နိုင်ငံပေါင်း (၁၀၀) ကျော်မှ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ သံတမန် ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မီဒီယာနှင့်စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Liuhe ခန်းမတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြား ရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ (Mr. Wang Yi) က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ နေ့လယ်စာစားပွဲတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရို အတွင်းရေးမှူးဟောင်း Nong Due Manh၊ ဘရာဇီးလ်နိုင်ငံ သမ္မတဟောင်း Dilma Rousseff၊ အီသီယိုးပီးယားနိုင်ငံ သမ္မတဟောင်း Mulatu Teshome Wirtu နှင့် ပြင်သစ်နိုင်ငံဝန်ကြီးချုပ်ဟောင်း Dominique Marle Francois Galouzeau de Villepin တို့လည်း တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှနှင့် လေးစားမှုအတွက် စံချိန်စံညွှန်းများဖြင့် ကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့မှု၊ ယင်းမူကြီး (၅) ရပ်အား လိုက်နာကျင့်သုံးကြသည့် နိုင်ငံများအကြား ပြဿနာရပ်များကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယင်းမူကြီးများ၏ အရေးကြီးမှုတို့ကို မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် St.Regis ဟိုတယ်၌ တရုတ်ပြည်သူ့နိုင်ငံခြားရေးရာအဖွဲ့အစည်း (Chinese People’s Institute of Foreign Affairs – CPIFA) ၏ ဥက္ကဋ္ဌ မစ္စတာ ဝမ်ချောင်မှ တည်းခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...