ရေဆန်မှာချော ရေစုန်မှာမျော
Thursday, May 23, 2024
Thursday, May 16, 2024
အများပြည်သူသို့ အသိပေးကြေညာချက်
အများပြည်သူသို့
အသိပေးကြေညာချက်
၁။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို
ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင်
ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ
ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ကော်မရှင်အနေဖြင့်
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှု အောက်ရှိ
အများပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော
ပြည်သူများ၏တယ်လီဖုန်းများသို့ Short Code နံပါတ် “1111”
အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback
Programme– PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
၃။ အများပြည်သူထံမှ
တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့်
ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ်
“1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က
ကြုံတွေ့ခဲ့ရသည့်အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏
ဝန်ဆောင်မှုလုပ်ငန်းအရည် အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက်
လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍
ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက်သော မေးခွန်းများကို
ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင်
တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ
တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
Tuesday, May 14, 2024
Donations and food were provided to the bereaved families of the innocent people
Donations and food were provided to the bereaved families of the innocent people
A large number of innocent people died as PDF Named Terrorists attacked with heavy weapons.
On the morning of 19-5-2024, the village of Soneywar in the east of Semeekhon village, Mandalay Region, Myingyan Township was shot by the terrorists with large/small arms in the morning of 19-5-2024. 17 men and 15 women, a total of (32) people died, including (5) men and (9) women, a total of (14) received injuries from the bomb.
In the Soneywar village, Myingyan Township, on 19-5-2024 at noon,officials from the Mandalay Region Government and the Central Military Command met with the bereaved families of the innocent people, who died in the attack with heavy weapons and the families whose homes were destroyed by fire.
After that, the regional government donated 346,000 kyats and 100,000,000 kyats worth of rice, oil, salt and beans 50,000,000 kyats from the military headquarters. (25) bags of rice 50 pounds of oil 50 pounds of beans (25) pounds of salt were also donated.
A large number of innocent people died as PDF Named Terrorists attacked with heavy weapons into the Soneywar Village, Myingyan Township
A large number of
innocent people died as PDF Named Terrorists attacked with heavy weapons into the Soneywar Village, Myingyan Township
A large number of innocent people died as PDF Named Terrorists attacked with heavy weapons.
On the morning of
19-5-2024, the village of Soneywar in the east of Semeekhon village, Mandalay
Region, Myingyan Township was shot by the terrorists with large/small arms in
the morning of 19-5-2024. 17 men and 15 women, a total of (32) people died,
including (5) men and (9) women, a total of (14) received injuries from the
bomb.
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာကျေးရွာကို ၁၉-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခက်မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုး သား (၁၇) ဦး၊ အမျိုးသမီး (၁၅) ဦး၊ စုစုပေါင်း (၃၂) ဦးသေဆုံးခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုး သမီး (၉) ဦး၊ စုစုပေါင်း (၁၄) ဦး ဗုံးစထိမှန်ဒါဏ်ရာများရရှိခဲ့သည်။
ထို့ပြင် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်အလုံး(၅၀)ခန့် မီးလောင်ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့သည်။
PDF အမည်ခံ အကြမ်းဖက်သမားများမှ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အများအပြားသေဆုံး
PDF အမည်ခံ အကြမ်းဖက်သမားများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်
အပြစ်မဲ့ပြည်သူ အများအပြားသေဆုံး
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊
ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာကျေးရွာကို ၁၉-၅-၂၀၂၄ ရက်နေ့
နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများ လက်နက်ကြီး/လက်နက် ငယ်များဖြင့် ပစ်ခက်မှုကြောင့်
ကျေးရွာနေဒေသခံပြည်သူ အမျိုးသား (၁၇) ဦး၊ အမျိုးသမီး (၁၅) ဦး၊ စုစုပေါင်း (၃၂)
ဦးသေဆုံးခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုးသမီး (၉) ဦး၊ စုစုပေါင်း (၁၄) ဦး
ဗုံးစထိမှန်ဒါဏ်ရာများရရှိခဲ့သည်။
ထို့ပြင်
အပြစ်မဲ့ပြည်သူများ၏အိုးအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်အလုံး(၅၀)ခန့်
မီးလောင်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
Monday, May 13, 2024
စစ်မှုထမ်းလိုသူများအတွက် နိုင်ငံတော်မှပေးအပ်မည့် အကျိုးခံစားခွင့်များ
အမြဲတမ်းစစ်မှုထမ်းများ၏ခံစားခွင့်များ
အမြဲတမ်းစစ်မှုထမ်းများ၏ခံစားခွင့်များအနေဖြင့်
မူရင်းလစာ
၁၅၅၀၀ဝိ/
နှစ်တိုးလစာ ၅၀၀ဝိ/
အရည်အချင်းလစာ၅၀၀/
-MHRA
၁ သိန်းကျပ်
-ထောက်ပံ့ကြေး ၃ သောင်း
-စစ်/ထူး ၄၅၀၀၀ ကျပ်
-ရိက္ခာစိုငွေ ၂၂၅၀၀ ကျပ်
-ဆံသခဝါစရိတ် ၁၀၀၀ ကျပ်
-CRM
ကာလအလိုက်လစဉ်ရရှိမည့်ငွေ ၅၀၀၀၀/၈၀၀၀၀/၁.၁သိန်း
-တပ်မတော်သား၏ဇနီး CRM ၁ သိန်း(ကန့်သတ်နယ်မြေ)
🍨လူပျိုများအား
ရိပ်သာများက အခဲ့မဲ့နေ့စဉ်ကျွေးမည်၊
အိမ်ထောင်သည်များအား ရိက္ခာထုတ်ပေးမည်။
🍺 Army Run သတ်မှတ်ချက်အတိုင်းရရှိမည်။
👮🏻စစ်ဝတ်ပစ္စည်းများ
အခမဲ့ထုတ်ပေးမည်။
🏠လူပျိုရိပ်သာများ
🏘️အိမ်ထောင်သည်များအားလိုင်းခန်းများတွင်
အခမဲ့နေရာထိုင်ခင်းစီစဉ်ပေးမည်။
🏥တပ်တွင်းဆေးခန်း/တပ်မတော်ဆေးရုံများတွင်
အခမဲ့ဆေးကုသခွင့်ရှိမည်။
✈️🛳️🚛🚃ခရီးသွားလာရာတွင်
ဝရမ်းဖြင့် အခမဲ့စီးနင်းခွင့်စီစဉ်ပေးမည်။
💰ဦးပိုင်တွင်
၁၅ သိန်းအစုရှယ်ယာထည့်ဝင်ခွင့်ရှိပြီး တစ်နှစ်လျှင်အမြတိ ၄.၅ သိန်းရရှိမည်။
🏘️သက်ပြည့်အငြိမ်းစားများနှင့်
တိုက်ပွဲတွင်ထိခိုက်ကျဆုံးသူများအား အိမ်ယာများတွင် အခမဲ့နေရာချထားပေးမည်။
စနစ်တကျတာဝန်ထမ်းဆောင်သည့် တပ်သားတစ်ဦး၏တစ်နှစ်ဝင်ငွေမှာ
ကျပ် ၅၆ သိန်းကျော် ရရှိမည်။
စိတ်ပါဝင်စားသူများ
အထက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်ကြပါရန်
PDF ဂိမ်းထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါစေနှင့်
PDF ဂိမ်းထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါစေနှင့်
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
ကစားသည်ထက်
ကြော်ငြာကြည့်ရန်ကအဓိက
PDF ဂိမ်းအများစုကို PDF များကပင်
ရေးဆွဲထားခြင်းဖြစ်သည်။ ၎င်းဂိမ်းတွင် တပ်ဖွဲ့အသွင် တစ်ခုအနေဖြင့် ပစ်ပုံ၊
ခတ်ပုံ၊ တိုက်ပွဲဝင်ပုံများကို ကနဦးသင်ပေးသည်။ တိုက်ပွဲတစ်ပွဲအတွက်
ခေတ်မီသေနတ်ပုံစံများဖြင့် ဆွဲဆောင်ထားပြီး ကျည်ဆန်အတောင့် ၄၀၊ ၅၀၊ ၆၀ စသည်ဖြင့်
ကျည်အရေအတွက်တစ်ခုပေးထားသည်၊၊ ထို့အတွက် ကျည်မလောက်အောင် ဖန်တီးထားခြင်းပင် ဖြစ်သည်။
ကစားစဉ်
ကျည်ဖြည့်ရန် လိုအပ်လာသည့်အခါ ဖြည့်ရမည့်ကျည်အတွက် တက်လာသည့် ကြော်ငြာများကို
မဖြစ်မနေကြည့်ရတော့သည်။ ကြော်ငြာ တစ်ခုကြည့်ပြီးတိုင်း ကျည် ၁၀ တောင့်ခန့်ရ တတ်သည်။ လေ့ကျင့်ရေးကျည်၊ တိုက်ပွဲကျည် စသည်ဖြင့် ကျည်ကုန်မြန်အောင် application
က ဖန်တီးထားသဖြင့် ကျည်က ခဏခဏကုန်သည်။
ခဏခဏကုန်တော့ ခဏလေးမှာပင် ကျည်ပြန်ဖြည့်ရန် ကြော်ငြာများကို
မကြည့်ချင်ဘဲ ကြည့်ရပြန်သည်။ ဥပမာ- ကစားချိန် မိနစ် ၂၀ ဆိုလျှင်
ကျည်ပြန်ဖြည့်ရန် များပြားလှသော ကြော်ငြာများ ကြည့်ရသည်က ၅ မိနစ်မှ ၁၀၊ ၁၅
မိနစ်ခန့်အထိ ကြာတတ်သည်။ အဓိကက ဂိမ်းဆော့ဖို့ထက် ကြော်ငြာကြည့်ဖို့က
အဓိကဖြစ်နေသည်။ ကြော်ငြာမကြည့်၍ သတ်မှတ်ထားသည့် အချိန်ပြည့်သွားပါကလည်း
မိမိသာတိုက်ပွဲကျမည်ဖြစ်သည်။ တကယ့်လက်တွေ့မှာလည်း တိုက်ပွဲက
တိုက်လို့ကောင်းတိုင်း ကျည်ကခဏခဏဖြည့်နေရပြီး ကြော်ငြာက မပြီးနိုင်၊ မစီးနိုင်
တစ်ခုပြီးတစ်ခု ကြည့်နေရသည်က ဂိမ်းဖန်တီးသူတို့၏ အသက်ဖြစ်သည်။
စီးပွားရေးတွက်ခြေ၊
အကြမ်းဖက်စိတ်ဓာတ်နှင့် ဖြားယောင်းသိမ်းသွင်းမှု
ထို PDF ဂိမ်းတွင် ပိုက်ဆံမြန်မြန်ကုန်ရန်၊ ကျည်ပြန်ဖြည့်ရန်အတွက် စီးပွားရေးသမားများက
တွက်ခြေကိုက်ရန် ပြုလုပ်ထားသည်။ တစ်ချက်ခုတ်၊ နှစ်ချက်/သုံးချက် ပြတ်သွားသည်။
တစ်ဖက်က စီးပွားရေးအမြတ်အစွန်း၊ တစ်ဖက်က အကြမ်းဖက်ပြုလုပ်၍ အစိုးရကို
အကြမ်းဖက်တော်လှန်ချင်စိတ်နှင့် အခြားတစ်ဖက်က လူငယ်တို့၏ စိတ်ဓာတ်ကို
ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။
ကြော်ငြာမှရသော
ကျည်ဖြည့်ငွေဖြင့် အကြမ်းဖက်တော်လှန်ရေးအတွက် လိုအပ်သော
လက်နက်ရိက္ခာကို ဝယ်ယူဖြည့်တင်းကြသည်ဟု သိရှိရသည်။ ကြော်ငြာကိုမူ Google
က ချိတ်ဆက်ပေးခြင်းဖြစ် သည်။ ကြော်ငြာအများစုမှာ US နှင့် UK မှာသာ ရှိသည့်အတွက် ၎င်းနိုင်ငံများ၏ VPN
ကို ခံထားရခြင်းဖြစ်သည်။ လူငယ်များကို အကြမ်းဖက်စိတ်ဓာတ်
ရိုက်သွင်း၍ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ သွေးဆူလွယ်သော လူငယ်လူရွယ်များက ဂိမ်းဆော့ခြင်းဖြင့်
တကယ့်လက်တွေ့တွင် ဂိမ်းထဲကအတိုင်း ဖြစ်မည်ထင်ကြသည်။
ထို PDF အမည်ခံဂိမ်းများအပြင် အခြား online၊ offline ဂိမ်းများစွာလည်းရှိပါသေးသည်။ ရုပ်ရော၊ အသံရော ကြည့်လို့ကောင်းသည့် graphic
ဂိမ်းများ ရှိပါသည်။ မည်သို့ပင် ဖြစ်စေ တိုက်ပွဲ၊ သတ်ဖြတ်မှု၊ စစ်၊
အကြမ်းဖက် စသည်ဖြင့်ဖန်တီးထားသော ဂိမ်းများသည် ဖော်ပြပါ ရည်ရွယ်ချက်များကိုသာ
ဖော်ဆောင်သည်၊၊ သေနတ်ပစ်ခတ်ပုံကအစ အတားအဆီးများကို
လွယ်လွယ်ကူကူဖောက်ထွက်နိုင်စေရန် ဖန်တီးထားသည်။
ဤသည်ကပင်
လူငယ်ထုကို ဖြားယောင်းဆွဲဆောင်ထားခြင်းဖြစ်သည်။ မစဉ်းစားမိသူ လူငယ်များက
အပြင်မှာလည်း ဂိမ်းထဲမှာအတိုင်း ဖြစ်မည်ထင်ကြသည်။ စီးပွားရေးသမားကတော့
စီးပွားရေးအမြင်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လူငယ်များ ဆော့ချင်လာအောင်၊
ကစားတတ်လာအောင် တမင်အကြံပေးတီထွင်ဖန်တီးထားသည်ကို တွေ့ရသည်။
တပ်မတော်ကိုတိုက်ရန် ဒီလောက်လွယ်နေမှတော့ အကြမ်းဖက်စစ်သင်တန်းကျောင်း တွေ ဘယ်လိုတော့မှာလဲ၊ ဂိမ်းဆော့ပြီးတော့မှပဲ ဂိမ်းထဲမှာအတိုင်းလေ့ကျင့်ပြီး စစ်တိုက်လို့ ရနေပြီပဲ။ အထင်နှင့်အမြင် တလွဲကြီးဖြစ်သည်။ တကယ့်အပြင်က လက်တွေ့တိုက်ပွဲနှင့် တခြားစီ ဖြစ်သည်။ လက်တွေ့အပြင်မှာက လေ့ကျင့်သည်မှအစ တကယ့်ကျည်အစစ်အမှန်နှင့် လေ့ကျင့်ကြ၊ တိုက်ပွဲဝင်ကြခြင်းဖြစ်သည်။ ဖုန်းထဲကဂိမ်းကဲ့သို့ ကြော်ငြာကြည့်ပြီး ဝယ်ရသည့် ကျည်အတုများမဟုတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ကစားကြည့်မည်ဆိုပါကလည်း မိမိကအနိုင်ချည်းဖြစ်သည်။ ဘာပညာမှလည်းမရ၊ ဘာဉာဏ်ရည်ဉာဏ်သွေးမှလည်း မတက်၊ ဘာအတွေ့အကြုံမှလည်းမရပါ။ ကျည်ခဏခဏကုန်၊ ကြော်ငြာကို ကျော်သွားခွင့်မရဘဲ ပြီးအောင် အချိန်ပြည့်ကြည့်ရကာ နောက်ဆုံးတွင် အကုသိုလ်များ၍ ပိုက်ဆံကုန်သည်သာ အဖတ်တင်မည်ဖြစ်သည်။
ဒုက္ခရောက်
လမ်းမှားမရောက်ကြစေရန် ပြောဆိုဆုံးမပညာပေးသင့်
လူငယ်ဟူသည်
စွန့်စားလိုသည်သာဖြစ်သည်။ အသစ်အဆန်းဆိုလျှင် စမ်းကြည့် လုပ်ကြည့်ချင် ကြသည်။
မိမိအတွက် ဘာကောင်းလာမှာလဲ၊ ဘာအကျိုးရှိမလဲ၊ ကျန်းမာရေး၊ လူမှုရေးမှအစ
နောက် ဆက်တွဲဆိုးကျိုးများ ဘယ်လောက်ထိခိုက်မလဲ မစဉ်းစားနိုင်ကြ။ ဂိမ်းသည် စွဲတတ်သည်။
တန်ဖိုးရှိ သောပိုက်ဆံများ ဖြုန်းတီးလိုက်သလိုဖြစ်သည်။ သူများကို သတ်ရန်၊
ဖြတ်ရန်အတွက် သတ်ချင်ဖြတ်ချင်စိတ်ဖြင့် အကုသိုလ်လည်းများရသည်။ ဂိမ်းက
လူငယ်လူရွယ်များ၏ သတ်ချင် ဖြတ်ချင်စိတ်ကို အားပေးထားသည်။
မိမိသတ်ဖြတ်လိုသော
ပစ်မှတ်များကို ဒလန်၊ စစ်ခွေးစသည်ဖြင့် သုံးနှုန်း၍ စစ်သွေးကြွစေရန်
မြှောက်ပင့်ပေးထားသည်။ အရပ်သားပြည်သူများကို မည်သို့အနီးကပ် လုပ်ကြံသတ်ဖြတ်မည်လဲ၊
လုပ်ကြံသတ်ဖြတ်ပုံလေ့ကျင့်ခန်းများလည်း ပါဝင်သည်။ ဂိမ်းကစားနေစဉ်တွင် အကုသိုလ်စိတ်ကအပြည့် ဖြစ်သည်။ မိဘများအနေဖြင့် မိမိသားသမီးများ လမ်းမှားမရောက်
ဒုက္ခမရောက်စေရန် အချိန်တိုင်းမှာ ဂရုစိုက်၊ ပညာပေး၊ ပြောဆိုဆုံးမနေသင့်သည်ဟု
ယူဆပါသည်။ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန် ပြောဆိုသင်ကြားထားသင့်ပေသည်။
တကယ်တော့
PDF ဂိမ်းဆော့ခြင်း၊ ဂိမ်း application ကို မိမိလက်ကိုင်ဖုန်းထဲ ထည့်သွင်းထားခြင်းသည် အကြမ်းဖက်အားပေးခြင်း
သက်ရောက်၍ အကြမ်းဖက်ဥပဒေနှင့် ငြိစွန်းနိုင်ပါသည်။ မသိ၍ပဲဖြစ်ဖြစ်၊ သိသော်လည်း
သတိလက်လွတ်၍ပဲဖြစ်ဖြစ် သက်ဆိုင်ရာမှ စစ်ဆေးခြင်းနှင့်ကြုံရသည့်အခါ မလိုလားအပ်သော
နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင်ပါသည်။ ထိုအချက်ကို လူငယ်လူရွယ်များကော မိဘ၊
ညီအစ်ကို၊ မောင်နှမများအနေဖြင့်ပါ သိရှိနားလည်ထားသင့်ပါသည်။
အမှန်တကယ်လည်း
လူငယ်များအနေဖြင့် ထိုသို့မလုပ်သင့်ပါ၊ မစမ်းသပ်သင့်ပါ၊ စွဲလမ်းစေသည့်
မကောင်းသည့်အရာဖြစ်၍ ဝေးဝေးကရှောင်သင့်ပါသည်။ လူငယ်များအနေဖြင့် ဘာလုပ်မည်လဲ၊
မိမိအတွက်ကော မိသားစုအတွက်ကော အကျိုးမရှိ၊ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကိုလည်းကောင်း ကျိုးမပေး ဆင်ခြင်သုံးသပ်ကြစေချင်ပါသည်။
အကျိုးထက်
အပြစ်ကပိုများ
အမှန်ကတော့
ဂိမ်းကစားသည်ဆိုသည့်နေရာမှာ ယခုလိုအကြမ်းဖက်၊ ညှဉ်းပန်း နှိပ်စက်သည့်ပုံစံ
ဂိမ်းအမျိုးအစားများကို မဆိုထားနှင့်၊ ရိုးရိုးဂိမ်းများဆော့လျှင်ပင် အကျိုးထက်
ဆိုးကျိုးအပြစ်က ပိုများသည်ဆိုသည်ကို အတော်များများလည်းလက်ခံပြီးသား ဖြစ်ပါသည်။
ဖိစီးမှုလျှော့ချရန်နှင့် စိတ်ကြည်ရန်၊ လက်ကော၊ မျက်လုံးကော၊ ဦးနှောက်ကော
တစ်ပြိုင်တည်း လှုပ်ရှားရသည့်အတွက် အလျင်အမြန်ဆုံးဖြတ်နိုင်စွမ်းနှင့် ပြဿနာကို
ဖြေရှင်းနိုင်စွမ်း၊ သိမှုစွမ်းရည်များကို အထောက်အကူပြုသည်ဆိုသော်လည်း အပြစ်ကပိုများပါသည်။
ဘာကြောင့်ဆိုရလျှင်
ဆင်ခြင်နိုင်စွမ်းအားနည်းသည့် လူငယ်များကို မဆော့ရမနေနိုင်အောင်
သိမ်းသွင်းနိုင်စွမ်းကြောင့် တန်ဆေးလွန်ဘေးဖြစ်ကာ ဂိမ်းစွဲရောဂါရသွားစေ၍ ဖြစ်ပါသည်။
ပစ်ခတ်၊ တိုက်ခိုက်၊ သတ်ဖြတ်ကြသည့် ဂိမ်းများဆိုပိုဆိုးသည်။ ဖြူစင်သန့်ရှင်းရမည့်
ကလေးလူရွယ်များ၏ အရိုးခံစိတ်တွင် အကုသိုလ်စိတ်များ စွန်းထင်းသွားသည်။ ဒေါသနှင့်လောဘက အရောင်ဆိုးသွားသည့်အခါသည်းခံစိတ်နှင့် ကိုယ်ချင်းစာ၊ သနားစိတ်နည်းလာပြီး
အရာရာကို အကြမ်းဖက်ဖြေရှင်းနည်းကိုသာ အားသန်လာကြတော့သည်။
ငြိမ်းချမ်းစွာ
မဖြေရှင်းတတ်တော့ဘဲ ခက်ထန်ကြမ်းတမ်းရန် လိုလားကြပြီး ပေါင်းသင်းဆက်ဆံရေးမှာလည်း
အခက်အခဲများ ရှိလာပေတော့မည်။ လူအချင်းချင်းအပေါ်တွင် အမုန်းစိတ်ဓာတ်များ
ကြီးစိုးလာတော့မည်ဖြစ်သည်။ မိသားစုအပေါင်းအသင်းများနှင့်ပါ ဆက်ဆံရေးအားနည်းလာပြီး
ပညာရေး၊ လူမှုရေးအလုပ်အကိုင်များတွင်သာမက မိမိ၏ ရည်မှန်းချက်များကိုပါ
ထိခိုက်လာမည်ဖြစ်ပါသည်။
ကြာလာလျှင်
စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးလည်း ချို့ယွင်းလာမည်မှာ သေချာလှသည်။
စိုးရိမ်လွန်ခြင်း၊ ဒေါသထွက်လွယ်ပြီး စိတ်ဓာတ်ကျလွယ်ခြင်း၊ စိတ်အားထက်သန်မှု
မရှိတော့ခြင်း၊ အထီးကျန်ခြင်း၊ အိပ်မပျော်ခြင်းတို့မှာ စိတ်ရောဂါသည် အများစုတွင်
အတွေ့ရများသည့် လက္ခဏာများဖြစ်သည်။ ဂိမ်းစွဲ၍ စိတ်ဓာတ်ကျ၊ စိတ်ဓာတ်ကျ၍ ဂိမ်းကစား
တဝဲလည်လည်ဖြစ်ကာ အရက်သမား၊ ဆေးသမား ဆေးစွဲ၊ အရက်စွဲသို့နှယ်ဖြစ်ရသည်။
စိတ်ကြောင့်
ရုပ်ပိုင်းချို့ယွင်းချက်များရှိလာသည့်အခါ မျက်စိအားနည်းပြီး အမြင်အာရုံထိခိုက်ကာ
မျက်မှန်သမားများဖြစ်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ အထိုင်များသည့်အတွက် ခါးနာ၊
လည်ပင်းနာတတ်ကြပြီး အဝလွန်ခြင်း၊ ထမင်းမေ့ဟင်းမေ့ တစ်ခါတစ်ရံ အိပ်ရန်ပင်မေ့ကာ
အစားအသောက်က မမှန်၊ အာဟာရက မျှခြေတွင်မရှိ၊ သွေးတိုးခြင်းများအထိ ဖြစ်ပေါ်ရသည်။
အချုပ်အားဖြင့်
ယနေ့ခေတ်လူငယ်များ PDF ဂိမ်း၊ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း စသည်ဖြင့်
မိမိတို့၏ အကျိုးရှိလှသောအချိန်များကို မဖြုန်းတီးကြဘဲ အချိန်တန်ဖိုးကိုကောင်းစွာ
အသုံးချကြစေလိုပါသည်။ အားလုံးက အကျပ်အတည်းကြားတွင် ရောက်နေသော ကာလ၊
ဖိစီးမှုတစ်ခုခုကို လှုပ်ရှားရုန်းကန်ဖြေရှင်း နေကြရသည့်ကာလတွင် ကိုယ့်ကိုယ်ကိုယ်
စိတ်ကူးယဉ်ကမ္ဘာထဲတွင် အချိန်ဖြုန်းမနေသင့်တော့ပါ။
Thursday, May 9, 2024
ပခုက္ကူမြို့နယ် ကံသစ်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ
မကွေးတိုင်းဒေသကြီး
ပခုက္ကူမြို့နယ် ကံသစ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေ ၈ ရက်တွင်
ဝင်ရောက်စီးနင်းပြီး ပြည်သူနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ၂၀ ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့်
နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့်
သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ်
လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ
ပခုက္ကူမြို့နယ် ကံသစ်ကျေးရွာနှင့်အနီးဝန်းကျင်ကျေးရွာများကို
အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် PDF အမည်ခံ
အကြမ်းဖက်သမားများက ကံသစ်ကျေးရွာအနီးတစ်ဝိုက်တွင်
အခြေပြုလှုပ်ရှားဆောင်ရွက်နေကြောင်း အကြမ်းဖက်လုပ်ရပ်များကို
အားပေးထောက်ခံခြင်းမရှိသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ မေ ၈ ရက်တွင်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာအနီးနယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း၊
ထိုသို့ဆောင်ရွက်စဉ် အကြမ်းဖက်သမားများ၏ ယာယီတဲစခန်း တစ်ခုအား တွေ့ရှိခဲ့ပြီး
ဝင်ရောက်ရှင်းလင်းစဉ် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အကြမ်းဖက် သမားများက
ကံသစ်ကျေးရွာရှိနေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့သည့်အတွက် နေအိမ်များ
မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့နောက် ယာယီတဲစခန်းအတွင်းမှ အကြမ်းဖက်သမား
အလောင်းနှစ်လောင်း၊ လက်လုပ်သေနတ်ငါးလက်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်း များကို
သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
တရားမဝင်
ပြည်ဖျက်မီဒီယာများအနေဖြင့် ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံရေးသားထားသည့် သတင်းတု၊
သတင်းအမှားများဖြင့် ပြည်သူများထင်ယောင်ထင်မှားဖြစ်စေပြီး အကြမ်းဖက်သမားများ၏
လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏
ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိလုပ်ကြံရေးသားပြီး
ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
Wednesday, May 8, 2024
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက် ထုတ်ပြန်ခြင်း
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်
ထုတ်ပြန်ခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊
အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို
နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး ဖြစ်ပါသည်။ အဆိုပါရန်ပုံငွေမှ
ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊
အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ရန် သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ MSME ချေးငွေများ ထုတ်ချေးရာတွင်
အောက်ဖော်ပြပါလုပ်ငန်းများအား ဦးစားပေး အနေဖြင့် ထုတ်ချေးမည် ဖြစ်ပါသည်-
(က) တန်ဖိုးမြှင့်ထုတ်ကုန်
ထုတ်လုပ်သည့်လုပ်ငန်းများ၊
(ခ) နိုင်ငံ၏ပို့ကုန်ဝင်ငွေတိုးတက်စေသည့်လုပ်ငန်းများ၊
(ဂ) ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍
ထုတ်လုပ်သောလုပ်ငန်းများ၊
(ဃ) သွင်းကုန်အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊
(င) ပြည်သူများ၏ အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့် လုပ်ငန်းများ၊
(စ) စွမ်းအင်ချွေတာရေးလုပ်ငန်းများ၊
(ဆ)လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများအားထိန်းသိမ်းခြင်းနှင့်ပတ်ဝန်းကျင်အန္တရာယ်
ကျရောက်မှုမှ ကင်းဝေးရန် ဆောင်ရွက်မည့်လုပ်ငန်းများ၊
(ဇ)ပြည်သူများ၏ကျန်းမာရေးကို
ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်နိုင်သည့် လုပ်ငန်းများ
၃။ MSME ချေးငွေ စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်
၄။ MSME ချေးငွေလျှောက်ထားသူသည်
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်ပါသည်-
(က) စက်မှုဝန်ကြီးဌာန၊
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက ထုတ်ပေးသော SME Member
Card (သို့မဟုတ်) ယာယီမှတ်ပုံတင်လက်မှတ်ရရှိပြီးသူ ဖြစ်ရမည်။
(ခ)
သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ သက်တမ်းရှိ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပြသနိုင်သူဖြစ်ရမည်။
(ဂ)
ကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (The Myanmar Companies Law)
အရ မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ရမည်။
(ဃ) ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့်
ခိုင်လုံသောစီးပွားရေးအခြေအနေ ရှိရမည်။
(င)ဤချေးငွေကိုမရယူမီ
မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ငွေရေးကြေးရေးအဖွဲ့ အစည်းများတွင် ချေးငွေရယူထားပါက
ချေးငွေပြေကြေပြီးသူဖြစ်ရမည်။
(စ)ချေးငွေအတွက် ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ လုံလောက်သော အာမခံပေးအပ်ရမည်။
(ဆ) သက်ဆိုင်ရာ
တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွင့်လှစ်ထားသော MSME
Agency များမှ လုပ်ငန်းအမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နေကြောင်း ထောက်ခံချက်တင်ပြနိုင်ရမည်။
၅။ အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ထုတ်ချေးသော
ချေးငွေကိုရယူလိုသူ MSME လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင် စုနယ်မြေ/
တိုင်းဒေသကြီး/ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့်
ချေးငွေများ စတင်လျှောက်ထားနိုင်ပါသည်။ ချေးငွေလျှောက် ထားသူ MSME လုပ်ငန်းရှင်များအား မြန်မာ့စီးပွားရေးဘဏ်မှ စတင်ထုတ်ချေးမည်ဖြစ်ပြီး
နောင်တွင် အခြားပုဂ္ဂလိကဘဏ်များကပါ ပါဝင်ထုတ်ချေးနိုင်ရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နီးစပ်ရာ MSME
အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း
အသိပေး ကြေညာအပ်ပါသည်။
အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံ ခန့်ခွဲမှုအဖွဲ့
အဂတိလိုက်စားမှုတားဆီးစေရန်နှင့် ဝန်ဆောင်မှုများကောင်းစေရေး Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း
အဂတိလိုက်စားမှုတားဆီးစေရန်နှင့် ဝန်ဆောင်မှုများကောင်းစေရေး Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း
ကော်မရှင်အနေဖြင့်
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန /အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ
အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ ဌာနများတွင်
ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short
Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public
Feedback Programme– PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိသည်။
အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်း လိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာန အသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်သည်။
လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း
လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...
-
ဝါဆိုလ (ဇွန်/ဇူလိုင်) ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်ပြီး နွေအကုန် မိုးအကူးကာလဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင် ကျရောက်လေ့...
-
မန်းချောင်းဆင်စခန်း “ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း” ကို မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ဘုရားကြီးအနီး၊ မန်းရွှေစက်တော်သို့...
-
ဘိုကလေးမြို့နယ်တွင် စစ်မှုထမ်းခြင်းမပြုလိုသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအားလုံးရှိ အသက်ပြည့်မီသည့် လူငယ်များအားလုံး ငွေ ၅၀၀၀၀ ပေးနေရကြောင်း ကော...

















