ဧရာဝတီတိုင်းဒေသကြီးအတွင်း
စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခံရသူများထဲတွင် အသက် မပြည့်သည့်လူငယ် ၁၀၀
ကျော်ပါဝင်နေကြောင်း သတင်းတု၊ သတင်းအမှား မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီးအတွင်း
ဖေဖော်ဝါရီ ၁၁ ရက်မှ မတ်လ ၁၁ ရက်နေ့အထိ တစ်လတာအတွင်း
စစ်မှုထမ်းဆောင်ရန်အကြောင်းပြ၍ ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သည့်လူငယ် ၁၀၀
ကျော်ပါဝင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက်
မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍
ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် စစ်မှုထမ်းဆောင်ရန် အကြောင်းပြ ၍
လူငယ်လူရွယ်များကို ဖမ်းဆီးခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရှိရသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့်နေ့မှစ၍
ပြည်သူများစိုးရိမ်ထိတ်လန့်စေရန်နှင့် လူငယ်လူရွယ်များ လမ်းမှားရောက်စေရန်
သတင်းတု၊ သတင်းအမှားများဖြင့် နေစဉ်နှင့်အမျှ သွေးထိုးလှုံ့ဆော်လျက်ရှိသည်ကို
မိဘပြည်သူများအနေနှင့်လည်း သိရှိပြီးဖြစ်ပါသည်။
ယခုဖြစ်စဉ်တွင်လည်း စစ်မှုထမ်းဆောင်ရန်
ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးခြင်းနှင့် အသက်မပြည့်သေးသည့်
လူငယ်များကိုပါ စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးထားကြောင်း ကောလာဟလသတင်းအမှားများကို
ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်လျက်ရှိသည့်အတွက် မိဘပြည်သူများအနေဖြင့်
သတင်းတု၊ သတင်းအမှားများကို ရှောင်ရှားနိုင်ရန်နှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ
သတင်းအချက်အလက်များကို သိရှိနား လည်စေရေး နိုင်ငံပိုင်မီဒီယာများ၊
စစ်မှုထမ်းဆိုင်ရာ အသိပညာပေးသတင်းများ၊ ထုတ်လွှင့်ချက်များနှင့် https://mod.gov.mm/node/74
တို့တွင် စဉ်ဆက်မပြတ် ထုတ်လွှင့်အသိပေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment