ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသွားပြည်သူတစ်ဦးသေဆုံးနှင့် ၂၄ ဦးထိခိုက်ဒဏ်ရာရရှိ
၃၀-၆-၂၀၂၄ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ချောင်းဦး မြို့နယ်၊ ငါးယှန်ကျေးရွာအနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွားပြည်သူ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် ရွှေစင်စင်္ကြာ၊ စိန်ဌေးလှိုင်၊ နယူးစွမ်း၊ Famous၊ ရွှေမန္တလာ၊ ရွှေသလ္လာခရီးသည်တင်ယာဉ်အပါအဝင် စုစုပေါင်းခရီးသည်တင်ယာဉ် ၈ စီးတို့သည် ရန်ကုန်မှထွက်ခွာလာစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာ အနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ PDFအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး သံဃာတော် တစ်ပါးနှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။



No comments:
Post a Comment