တန်ဆောင်မုန်းလ
( အောက်တိုဘာ/နိုဝင်ဘာ)
တန်ဆောင်မုန်းလသည်
မြန်မာပြက္ခဒိန်၏ အဌမမြောက်လဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်
ကျရောက်လေ့ရှိကာ ကထိန်ခင်းခြင်း၊ မသိုးသင်္ကန်းကပ်လှုခြင်း၊ ပံ့သကူပစ်ခြင်း၊
ကြာပန်းများကပ် လှူခြင်း၊ ဆီမီးထွန်းခြင်း စသည့် ကောင်းမှုကုသိုလ်တို့ ပြုလုပ်သည့်
အချိန်လည်းဖြစ်ပါသည်။ သံဃာတော်များအတွက် ကထိန်(ကထိန) သင်္ကန်းကို ယခုကာလတွင်
ကပ်လှူလေ့ရှိကြပြီး အများအားဖြင့် စုပေါင်းကပ်လှူလေ့ရှိကြပါသည်။ တန်ဆောင်မုန်း
လပြည့်နေ့ည သန်းခေါင်ယံအချိန်တွင် မဲဇလီဖူးသုပ်စားခြင်းသည် ဆေးဖက်ဝင်သည့် အယူအဆအလေ့အထ
တစ်ရပ်လည်းရှိပါသည်။
တန်ဆောင်မုန်းလ ဗြိစ္ဆရာသီတွင် ကထိန်သင်္ကန်းကပ်လှူပွဲ၊ ဆီမီးတန်ဆောင်ထွန်းညှိပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပွဲတို့ကို ကျင်းပရိုး ဖြစ်လေသည်။ ဘကြီးတော်မင်းတရားလက်ထက် ကျင်းပသော ကထိန်နှင့် ဆီမီးတန်ဆောင်ပွဲတို့အကြောင်းကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေရလေသည်။ တန်ဆောင်မုန်း လဆန်း တစ်ဆယ့်ငါးရက်နေ့ အနောက်အတွင်းတော်မှာ ကထိန်သင်္ကန်းရက်လုပ်စေ၍ ဘုရားစေတီ ပုထိုးများမှာ လှူတော်မူသည်။ အရညဝါသီပုဂ္ဂိုလ်၊ ဂါမဝါသီ ပုဂ္ဂိုလ်၊ အရိယာ သံဃာတော်မြတ်တို့အားလည်း ကထိန်သင်္ကန်း ခုနှစ်ရာ့ ခုနှစ်ဆဲ့ ခုနှစ် (၇၇၇) တို့ကို အရှင်မိဘုရားခေါင်ကြီးနှင့် ရေစက်သွန်းတော်မူ၍ ကပ်လှူတော်မူသည်။ တန်ဆောင်မုန်းလ ရက်သုံးဆယ်လုံးလည်း ရွှေမြို့တော်နှင့်တကွ ပြည်တွင်းပြည်ပ၊ လက်တွင်း လက်ပ၊ လမ်းသေးလမ်းမများကို တန်ဆာဆင်စေပြီးလျှင် ရွှေနန်းတော်မှစ၍ ပြည်အလုံး ကြတ္တိကာသဘင် ကောင်းကင်ဆီမီး တို့ဖြင့် ညှိထွန်းပူဇော်ကြရသည်။ တန်ဆောင်မုန်း လပြည့် ကျော်ရှစ်ရက်နေ့ ဘုရားစေတီပုထိုးများမှာ ဆီမီးတန်ဆောင်တိုင် အတောင်နှစ်ဆယ်၊ နှစ်ဆဲ့ ငါးတောင်၊ သုံးဆယ်၊ တိုင်ပေါင်းရှစ်ဆယ် ထွန်းညှိပူဇော်တော်မူသည်။ သီပေါမင်းတရားလက်ထက် မသိုးသင်္ကန်းပွဲတော် ကျင်းပပြုလုပ်ပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ယင်းသည့်လဆန်းတစ်ဆယ့်လေးရက်နေ့.အနောက်စမုတ်တော်ဦးပွဲကြည့်စံနန်းတော်သို့ အရှင် နှစ်ပါး ထွက်စံတော်မူ၍ ဝါကောက်ရန် ညဉ့်နှစ်ချက်တီးအချိန်မတိုင်မီအတွင်းပွဲသဘင်စုံများကို ကျင်းပစေပြီးလျှင် ညဉ့်နှစ်ချက်တီး ပဟိုရ်တော်သံ ကြားသည်နှင့်တစ်ပြိုင်နက် မျိုးစေ့ကြဲ မြေ| တက်၊ ပင်ရောက်ပွင့်သီး၊ လုံးကြီးဝါပေါက်၊ ကောက်ယူမဆိတ်၊ အကြိတ်အဘန်၊ ပြန်လှန်တုံ့ပယ်၊ ရှယ်ခြင်း ရက်ခြင်း၊ ဆိုးခြင်းစုံလင်၊ အစီရင်တို့ကို အင်္သာကူးပြောင်း၊ ဟောင်းခြင်းသိုးခြင်းမရှိစေရ။ ကတော်မယားတို့ တစ်ဦးထက် တစ်ဦးသာအောင် ကြိုးပမ်းအားထုတ် ပြိုင်ဆိုင်ရက်လုပ်ကြရသည်။ မသိုးသင်္ကန်းတော် ကြီးကြပ် ရက်လုပ်သည့် ကတော်မယားတို့ကိုလည်း ပုဝါအုပ်၊ ပိတ်အုပ်၊ သက္ကလတ်ခြုံထည်များ သနားတော်မူ၍ ဦးစွာပြီးသူကို ရွှေဘလားသနားတော်မူသည်။ မြင်းစုကြီးဝန်မယားမှာ ချည်ခင်ကို နေအိမ်ကဆောင်ယူလာ၍ ထည့်သွင်းရက်လုပ်ရန် ဝှက်ထားသည်ကို တွေ့မိသောကြောင့် ရွှေနန်းတော်ကို လှည့်၍ ဒိုးပတ်နှင့်ကရသည်။ ထိုပွဲများအပြင် ရှင်မာလဲပွဲကိုလည်း ကျင်းပတတ်သေးကြောင်းဖြင့် ပုဂံဝန်ထောက်မင်းဦးတင်က မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၊ ပထမအုပ်၊ မျက်နှာ ၂၃၈ တွင် 'ကာကသတ္တဝါ၊ တာရာထိန်ဆဲ၊ ကထိန်ပွဲလျှင်၊ ရှင်မာလဲပွဲ၊ တန်ဆောင်ပွဲက၊ ပွဲကြီးသုံးဖြာ၊ ကြုံကြိုက်ပါလိမ့်'ဟု ဖွဲ့ဆိုခဲ့သည်။ ရှင်မာလဲပွဲသည် သီဟိုဠ်ကျွန်း ကုရာဒဇနပုဒ်တွင် သီတင်းသုံးသော ရှင်မာလဲမထေရ်ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟု ပေါရာဏဒီပနီကျမ်း၊ ဒုတိယတွဲတွင် ပါရှိလေသည်။ တစ်ခါသော် ရှင်မာလဲ မထေရ်သည် တာဝတိံသာနတ်ပြည် စူဠာမဏိစေတီတော်ကို အဖူးအမြော်သွားရာတွင် အရိမေတ္တေယျ အလောင်းတော်နတ်သားနှင့်ဆုံမိသည်။ ထိုအခါ အလောင်းတော်နတ်သားက တန်ဆောင်မုန်းလပြည့်တိုင် ရောက်သည့်အခါတိုင်း ဝေဿန္တရာဇာတ်တော်ကို လူအပေါင်းတို့အား ဟောကြားပါရန် လျှောက်ထားတောင်းပန်လိုက်သဖြင့် ရှင်မာလဲမထေရ်သည် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ဝေဿန္တရာဇာတ်တော်ကို ဟောကြားလေသည်။ ထို့ကြောင့် ရှင်မာလဲပွဲအခါ၌ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာ ဇာတ်တော်ကြီးကို ဟောပြောရသည်။ လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ် တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တို့ကို လှူဒါန်းပူဇော်ရလေသည်။
ကထိန်ခင်းခြင်း
အကျိုးတရားများ
တန်ဆောင်မုန်းလပြည့်နေ့(ရွှေတိဂုံဘုရား)စည်ကား
တန်ဆောင်မုန်းလပြည့်နေ့၊ နံနက်ပိုင်းတွင်
ရွှေတိဂုံဘုရား၌ မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပကာ ရင်ပြင်တော်တောင်ဘက်
ဧည့်ခံတန်ဆောင်း၌ရွှေတိဂုံစေတီ
တော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များဖြင့်
နံနက်အာရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကြပါသည်။ အထက်ပစ္စယံပတ္တမြားမျက်ရှင် ရုပ်ပွားတော်အပါအဝင်
အာရုံခံမုခ်ဦး လေးခုအတွင်းရှိ ရုပ်ပွားတော်မြတ်များအား မသိုးရွှေကြာသင်္ကန်းများလည်း
ကပ်လှူပူဇော်ကြပါသည်။ ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ
လာရောက်ဖူးမြော်ကြည်ညိုသူများဖြင့် စည်ကားလျက်ရှိသည်။
တန်ဆောင်မုန်းလတွင်ကျင်းပသောကိုးထပ်ကြီးဘုရား
ရန်ကုန်မြို့ရှိ ကိုးထပ်ကြီးဘုရား၌ တန်ဆောင်မုန်းလပြည့်နေ့တစ်ရက်တည်းသာ
ကျင်းပသော ဘုရားပုထိုးများကို ဆီမီး ၉,၉၉၉ ခု ထွန်းညှိပူဇော်လေ့၍ ဘုရားကိုဆီမီးများနှင့်
ထွန်းလင်းစေခြင်းဖြင့် ကုသိုလ်ယူရန်ကျင်းပသောပွဲဖြစ်သည်။ မြန်မာလူမျိုးတို့က
ကိုးဂဏန်းသည် ရန်အပေါင်းကို ဖယ်ရှားပေးနိုင်သော မင်္ဂလာရှိသော
ဂဏန်းအဖြစ်မှတ်ယူကြသည်။ ဘုရားစေတီများတွင် ပရိတ်တရားများ၊မင်္ဂလာတေးသံသာများနှင့်
ပျံ့လွင့်နေပြီး ဆီမီးများ ထိန်ထိန်ညီးလျက် ရှိပါသည်။ခရီးသွားဧည့်သည်များသည်
အဆိုပါပွဲတော်တွင် ထူးခြားသော
မြင်ကွင်းများကို မျက်စိတစ်ဆုံး ကြည်နူးဖွယ်မြင်တွေ့နိုင်ပါသည်။
ကိုးထပ်ကြီးဘုရား
မာရဝိဇယဘုရား(တန်ဆောင်မုန်းလပြည့်စည်ကား)
ပြည်ထောင်စုနယ်မြေနယ် နေပြည်တော်
ဒက္ခိဏသီရိမြို့နယ်ရှိ ကမ္ဘာပေါ်ရှိထိုင်တော်မူ
ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ
ဘုရားဘူးဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။ ဘုရား၏ရေပန်းရင်ပြင်တော်တွင်
ရက်ကန်းစင် ကိုးစင်ဖြင့် မသိုးရွှေကြာ သင်္ကန်းတော်ဆပ်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာ
အခန်းအနားကျင်းပ၍ ပွဲတော်အတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲ
ပဋ္ဌာန်းရွက်ဖက်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်ပူဇော်ခြင်း၊မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးများနှင့်စိန်နားပန် မီးပုံးကြီးများလွှတ်တင်ပူဇော်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပါသည်။ ပွဲ တေ်ကာလအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသုံးကုန်၊
လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ ၊ဒေသထွက် မြန်မာ့ရိုးရာ မုန့်ဆိုင်များ
ခင်းကျင်းရောင်းချခြင်း၊ ဘုရားဘူးလာကလေးသူငယ်များအတွက် ချားရဟတ်စသည့်
ကလေးကစားကွင်းများဖြင့် ပွဲတော်အတွင်းဆောင် ရွက်ထားရှိပြီးဖြစ်သည်။

-%E1%81%83.jpg)
-%E1%81%82.jpg)
-%E1%81%81.jpg)
-%E1%81%84.jpg)
.jpg)
.jpg)






No comments:
Post a Comment