Thursday, December 7, 2023

နတ်တော် (နိုဝင်ဘာ/ ဒီဇင်ဘာ)

 

နတ်တော် (နိုဝင်ဘာ/ ဒီဇင်ဘာ)

                                                     
    


မြန်မာလများအနက် (၉)လ မြောက်သောလဖြစ်သည့် နတ်တော်လသည် အေးမြသော ရာသီဥတု နှင့် အတူ မြူနှင်းများကျလေ့ရှိသည့် နိုဝင်ဘာ-ဒီဇင်ဘာလတွင် ကျရောက်လေ့ရှိပါသည်။ ယနေ့ခေတ်တွင် စာရေးဆရာများ၊ ကဗျာဆရာများ၊ နယ်ပယ်အသီးသီးမှ ဘာသာပြန် ဆရာများအား ၎င်းတို့၏ ပြောင် မြောက်ထူးချွန်မှုများအတွက် စာဆိုတော်နေ့အခမ်းအနားပွဲ၌ နိုင်ငံတော်မှ ချီးမြှင့်သည့် အမျိုးသားဆုတံ ဆိပ်များကို ပေးအပ်လေ့ရှိပါသည်။

စာဆိုတော် ပွဲတော် ကျင်းပသည့် လ နတ်တော် လ

နတ်တဝ် (နတ်တော်)သည် မြန်မာပြက္ခဒိန်၏ ကိုးလမြောက် မြန်မာလသည် နိုဝင်ဘာ၊ ဒီဇင်ဘာ အတွင်း ကျရောက်သည်။ နတ်တော်လတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ ရှေးမြန်မာတို့ နတ်ကိုးခြင်းမှာ ဗုဒ္ဓသာသနာအား လက်ခံရရှိခြင်း မရှိခဲ့စဉ်ကတည်းက ဖြစ်သောကြောင့် 'တဝ်' ဝေါဟာရသည် 'မြတ်သည်' ဟုအဓိပ္ပာယ် ရပြီး ယခုလအတွင်း ကောက်ပဲသီးနှံ ရိတ်သိမ်းသည့်အခါ သီးနှံ အများအပြား ရစေရန် နတ်ကိုးလေ့ရှိကြသလို ယခုလအတွင်း တောင်သူများ ကောက်ကြီးစပါး ရိတ်သိမ်းကြသည်။ အထိမ်းအမှတ်ပန်းမှာ  သဇင်ပန်း ဖြစ်သည်။
အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနား
မြန်မာစာပေလောကသည် ရှည်လျားသည့် မြန်မာ့သမိုင်းကြောင်း အဆက်ဆက်တွင် ထွန်းပြောင်ခိုင်မြဲခဲ့ပြီး နိုင်ငံနှင့်ပြည်သူကို အစဉ်ထာဝရအကျိုးပြုလျက်ရှိခြင်း၊ စာဆိုတော်တို့၏ ကလောင်သွားများသည် မြန်မာနိုင်ငံသမိုင်းတွင် တိုင်းပြည်၏ စစ်မှန်သည့် ခွန်အားများဖြစ်ခြင်း၊ စာဆိုတော် များသည် တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန်၊ ဇာတိသွေး ဇာတိမာန် တက်ကြွလာစေရန်၊ မြန်မာစာပေကို ချစ်မြတ်နိုးစေရန်၊ လောကဓံကို ကြံ့ကြံ့ခံနိုင်ရန် စာပေဖြင့် တွန်းအားပေးလှုံ့ဆော်ခဲ့ကြပါသည်။

 

ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရ၏ အဆုံးအမပျို့ ကဗျာတွင် “စာပေဝတ္ထု ရတုကဗျာ ပျို့လင်္ကာနှင့် သာသည့်သီချင်း အဲစောင်းငြင်းကို၊ မကင်းမပြတ် ဖတ်ရွတ်လေ့ကျက် တီးမှုတ်လျက်သာနေကောင်း စွာ၏” ဆိုသကဲ့သို့ ခေတ်အဆက်ဆက် စာဆိုတော်ကြီးများ၏ စာပေလက်ရာများသည် ဖတ်ရှုလေ့လာ သူတို့အတွက် အမြဲအဖိုးတန် အကျိုးရှိနေသည့် အမွေအနှစ်များပင် ဖြစ်သည်။


လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လတွင် တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် တိုင်းရင်းသားပြည်သူများ နိုင်ငံတကာ ဗဟုသုတ တိုးပွားရန်အတွက် ဘာသာပြန်စာပေများ ထုတ်ဝေခဲ့သကဲ့သို့ မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် “စာပေဗိမာန် ကာလပေါ် ဝတ္ထုဆု” ကို စတင်ချီးမြှင့်ခဲ့ပါသည်။

မြန်မာစာပေ၏ သက်တမ်းသည် ပုဂံခေတ် ၁၂ ရာစု အစမှ မျက်မှောက် ခေတ်အထိဆိုပါက နှစ်ပေါင်း ၁၀၀၀ နီးပါးရှိပြီ ဖြစ်ပြီး မြန်မာဘာသာစကားနှင့် မြန်မာစာပေသည် မြန်မာ့သမိုင်း ရေစီးကြောင်းတွင် ခိုင်မာတည်တံ့စွာ ထင်လင်းခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်ခြင်း၊ နိုင်ငံနှင့် လူမျိုးအတွက် အသိဉာဏ် အမြော်အမြင်နှင့် စိတ်ဓာတ်အင်အားကို ဖွံ့ဖြိုးစေလိုသည့် စေတနာဖြင့် သုတရသ စာပေ အဖြာဖြာကို အားထုတ်ရေးဖွဲ့ခဲ့သည့် စာပေကလောင်ရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ ကျေးဇူးတရားကို အလေးအမြတ် ဂုဏ်ပြုရမည် ဖြစ်ပြီး အဆိုပါ ရဟန်းစာဆို၊ လူပုဂ္ဂိုလ်စာဆိုကြီးများကို ဂုဏ်ပြုချီးကျူးသောအားဖြင့် မြန်မာနိုင်ငံ အဝန်း နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်နေ့တွင် “စာဆိုတော်နေ့” အခမ်း အနားကို ကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။

၁၉၄၄ ခုနှစ်တွင် ပထမအကြိမ် စာဆိုတော်နေ့ကို ကျင်းပခဲ့ပြီး စာရေးဆရာများ၊ စာပေချစ်မြတ်နိုး သူများအတွက် မြန်မာနိုင်ငံတစ်နံတစ်လျားတွင် နတ်တော်လဆန်း ၁ ရက်၊ စာဆိုတော် နေ့ဝန်းကျင်အချိန်သည် စာပေဆိုင်ရာ လှုပ်ရှားမှုများဖြင့် ဝေစည်နေသည့် ကာလဖြစ်ပါသည်။




နတ်တော်လတွင်ကျင်းပသည့်စာပေဆုချီးမြှင့်ပွဲ




No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...