ပြာသိုလ (ဒီဇင်ဘာ – ဇန်နဝါရီ)
မြန်မာလများတွင် ၁၀
လမြောက်ဖြစ်သော ပြာသိုလသည် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ဖြစ်ကာ အလွန်အေးသော
အချိန်အခါလည်း ဖြစ်သည်။ ယနေ့ခေတ်အခါတွင်မူ ပြာသိုလတွင် ဘုရားပွဲများ
ကျင်းပလေ့ရှိကြသည်။ ရှေးယခင်က မြန်မာဘုရင်များသည် မြင်းခင်းသဘင်ပွဲကို လတစ်လလုံး ကျင်းပစေသည်။
မြင်းခင်းသဘင်ပွဲတွင် မြင်းစီးပွဲ၊ ဓားပြိုင်ပွဲ၊ လှံပြိုင်ပွဲ၊ လေးတင်ပွဲနှင့်
ဆင်ဖြင့် စီးချင်းထိုးခြင်း အစရှိသည့် စစ်စွမ်းရည်ပြသသော ပွဲများကို
ထည့်သွင်းကျင်းပလေ့ရှိပြီး ရှေးခေတ်မြန်မာ့တပ်မတော်ရေးရာနှင့် စစ်လက်နက်များကို
ခင်းကျင်းပြသသော ပွဲလည်းဖြစ်သည်။ အဆိုပါပြိုင်ပွဲများဖြင့် နိုင်ငံတော်၏
ကာကွယ်ရေးအတွက် လူစွမ်းကောင်းများကို ရွေးချယ်တင်မြှောက်လေ့ရှိကြသည်။ အချို့သော
ဘုရားပွဲများကိုလည်း ပြာသိုလတွင် ကျင်းပလေ့ရှိသည်။ ထင်ရှားသော ပုဂံ အာနန္ဒာ
ဘုရားပွဲကိုလည်း ပြာသိုလတွင် ကျင်းပပြုလုပ်သည်။
မြင်းခင်းပွဲ
ပြာသိုလ မကာရရာသီတွင် သေနင်္ဂဗျူဟာ အခမ်း အနားတစ်ရပ်ဖြစ်သော မြင်းခင်းပွဲ ဆင်ခင်းပွဲတို့ကို ဆင်ယင် ကျင်းပရိုးရှိလေသည်။ သီပေါမင်းတရားလက်ထက် ဆင်ခင်း မြင်းခင်း စက်သွင်းသဘင်တော်ကျင်းပပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ မြေနန်းတော် လက်ဝဲဘက်တွင် အမြင့် တစ်ဆယ့်ငါးတောင်ကစ၍ နှစ်ဆယ်၊ နှစ်ဆဲ့ငါးတောင်၊ သုံးဆယ်၊ ငါးဆယ်၊ အနောက်ကအရှေ့သို့ အတည့်အတန်း စက်တိုင် ငါးစိုက်ထူပြီးလျှင်.မင်းညီ မင်းသား၊ ဝန်ကြီး၊ အတွင်းဝန်၊ ဝင်းတော်မှူး၊ မှူး တော်မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့် မျဉ်း၊ မောက် တို၊ စစ်ဝတ်တန်ဆာ ဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများ ကိုစီးနင်း၍ တစ်ကိုယ်လျှင် ဆယ်ခေါက်ကျ လှံလျင် ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။ . စက်စွဲသည့် မင်းညီ မင်းသား၊ မှူးတော် မတ်တော်၊ လက်သုံးတော်၊ လက်စွဲတော်တို့မှာ တစ်လက်စွဲလျှင် ငွေပွင့်ထိုး ပန်းပုဝါ တစ်၊ သဇင်ပန်းခိုင် တစ်စီ သနားတော်မူသည်။ .စက်ထိုးသဘင်ပြီး လျှင်ကသည်းအက္ကပတ် မြင်းတပ်ဗိုလ်အရာရှိတို့နှင့် မြင်းအမှုထမ်းတို့ ရှောက်သီးထားခုတ် လှံထိုး၊ ငှက်ပျောပင်စိုက် ရေအိုးတင် ထားခုတ်၊ မြင်းအစိုင်းအနှင့် အရေးအရာများကို ထိုးခုတ်ပြပြီးနောက် ရွှေနန်းတော်သို့ ဝင်တော်မူသည်။ .လပြည့်ကျော် လေးရက်နေ့ ဘဝရှင်မင်းတရားကြီးဘုရား ထွက်စံတော်မူပြီးလျှင် ဆင်တော်စီးရေသုံးဆယ့်နှစ်ကို တွဲဘက်တိုက်ဝှေ့စေပြီးနောက် စစ်မြေအရပ်တွင် ဆင်တော်များကို ရဲဝံ့တံ့စား အကြောက်အရွံ့မရှိရအောင် သေနတ်၊ မီးပေါက်၊ ယမ်းမီး၊ ဗြောက်၊ ဒိုင်း၊ ကာတို့ဖြင့် ပစ်တောက် ရိုက်ခတ် ခြောက်လှန့်စမ်းသပ်သည်များကို ကြည့်ရှုတော်မူ၍ ရွှေနန်းတော်သို့ ဝင်တော်မူသည်။
အာနန္ဒာဘုရားပွဲတော်
အာနန္ဒာ
ကူဘုရားရဲ့ ပန္နက်က လေးဖက်လေးတန်မှာ အာရုံခံတန်ဆောင်း လေးခုပါတဲ့ ကြက်ခြေ ခတ်ပန္နက်
ဖြစ်သည်။ ဘေးဖက်အနား ပေ၂၀၀ နီးနီးရှိတဲ့ စတုရန်းပုံစံဖြစ်တယ်။ အဲဒီအပေါ်ကနေ
ပင်မအဆောက်အဦသည် အမိုးကုန်းလျှော ပစ္စယာအဆင့်ဆင့်အထက်မှာ ကွမ်းတောင်နဲ့ သူ့အထက်က
စေတီငယ်တို့က ပေ ၁၆၈ပေတိုင် တဖြည်းဖြည်း ရှူးတက်သွားပြီး ငှက်မြတ်နားနဲ့
စိန်ဖူးတော်အထွဋ်ရှိတဲ့ ထီးတော်က အဆုံးသတ် အုပ်မိုးထားပါတယ်။
အောက်ခြေနဲ့
တက်သွားတဲ့ ပစ္စယာအဆင့်ဆင့်တွေကို လက်လက်ပြေးနေတဲ့ များပြားလှတဲ့ စဥ့်ပြားတွေ နဲ့
အလှဆင်ထားတယ်။ အဲဒီစဥ့်ပြားတွေပေါ်မှာ ဘုရားရှင်ရဲ့ ဘဝဖြစ်စဥ်ဇာတ်တော်တွေနဲ့
မာန်နတ်ရဲ့ စစ်သည်တွေကို ရေးဆွဲထားပြီး မွန်စာနဲ့ကဗျည်းရေးထိုးထားတယ်။ ကူဘုရားရဲ့
အလယ်ဗဟိုမှာ အတိတ် နဲ့ ပစ္စုပ္ပါန်မှာ ပွင့်တော်မူပြီးကြကုန်တဲ့ ကြီးမားလှတဲ့
ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်လေးဆူကို ထားရှိပါ တယ်။ မြောက်ကိုမျက်နှာတော်မူလျက်
ကကုသန်မြတ်စွာဘုရား၊ အရှေ့ကိုမျက်နှာတော်မူလျက် ဂေါဏဂါမဏ (ဂေါဏဂုဏ်) မြတ်စွာဘုရား၊
တောင်အရပ်ကို မျက်နှာမူလျက် ကဿပမြတ်စွာဘုရား၊ အနောက်အရပ်ကို မျက်နှာတော်မူလျက်
ဂေါတမမြတ်စွာဘုရားတို့ဖြစ်ပါတယ်။ မြောက်ဖက်နဲ့ တောင်ဖက်မှာရှိတဲ့ ရုပ်ပွားတော်နှစ်ဆူဟာ
ဘုရားတည်စဥ်ကတည်းက ပူဇော်ထားတဲ့ ရုပ်ပွား တော်တွေဖြစ်ပါတယ်၊ ဒါပေမယ့် အရှေ့ဖက်နဲ့
အနောက်ဖက်မှာ ပူဇော်ထားတဲ့ ရုပ်ပွားတော် နှစ်ဆူက တော့ မူလရုပ်ပွားတော်တွေ
မီးခပျက်စီးသွားတဲ့အတွက် နှောင်းခေတ်လူတို့ အစားထိုး ပူဇော်ထားတာ ဖြစ်ပါတယ်။
အတွင်းပိုင်းမှာ
စင်္ကြန်(လမ်း)နှစ်သွယ် ပါပါတယ်။ အတွင်းဖက်နံရံက ပျားလဘို့သဏ္ဌာန်ဖြစ်ပြီး သေးငယ်တဲ့
အဆူဆူသောဗုဒ္ဓရုပ်ပွားတော်တွေ ကိန်းဝပ်ဖို့ နံရံမြှုပ်အခန်းငယ်(မုခ်ကပ်)တွေ
အများအပြား ပါဝင်ပါတယ်။ မှတ်သားစရာ အကောင်းဆုံး ရုပ်တုတွေကတော့ အပြင်နံရံမှာ
အစီအရီထုထားတဲ့ အလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်ခန်းကနေ ဗုဒ္ဓဂါယာမှာ
မဟာပရိနိဗ္ဗာန်စံခန်းအထိဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ဘဝဖြစ်စဥ် ရုပ်ကြွပန်းတမော့တွေပဲ
ဖြစ်ပါတယ်။
အာနန္ဒာဘုရားပွဲတော်
အာနန္ဒာဘုရားပွဲတော်ကို နှစ်စဥ် ဇန်နဝါရီလတဝိုက်မှာ ကျင်းပပါတယ်။ ပွဲတော်ရဲ့ အထင်ကရ တွေက တော့ ညပိုင်းဖျော်ဖြေတင်ဆက်မှုတွေနဲ့ ဒေသထွက်နဲ့ ရိုးရာပစ္စည်းတွေ ခင်းကျင်းရောင်းချတဲ့ ဘုရားပွဲ ဈေးပဲ ဖြစ်ပါတယ်။

-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%81%E1%81%80.jpeg)
-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%81%E1%81%82.jpeg)
-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%82.jpg)
-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%83.jpg)
-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%85.jpg)
-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%86.jpg)
-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%87.jpg)
-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%88.jpg)
-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%89.jpg)
-%E1%80%87%E1%80%94%E1%80%BA%E1%80%94%E1%80%9D%E1%80%AB%E1%80%9B%E1%80%AE-%E1%81%81.jpg)
No comments:
Post a Comment