တပေါင်း (ဖေဖော်ဝါရီ/မတ်)
တပေါင်းလသည် မြန်မာလများထဲတွင် (၁၂)လမြောက်ဖြစ်ပြီး နှစ်တစ်နှစ်၏ နောက်ဆုံးလလည်း ဖြစ်သည်။ပုံမှန်အားဖြင့်ဖေဖော်ဝါရီနှင့်မတ်လအတွင်းကျရောက်လေ့ရှိသည်။ ရှေးမြန်မာဘုရင်များ လက်ထက်တွင် သာယာလှပသည့် ဤရာသီအတွင်း ပေါ်ထွန်းလာလေ့ရှိသည့် သဲသောင်ပြင်များပေါ်သို့ နောက်လိုက်အခြံအရံများနှင့် ကြွချီလေ့ရှိပြီး သောင်ခုံသဲပြင်များပေါ်တွင် သဲပုံစေတီများ တည်ထားလေ့ရှိကြသည်။ သဲပုံစေတီတည်ပွဲတော်သည် တပေါင်းလ၏ အထင်ရှားဆုံး အလေ့အထတစ်ခုဖြစ်သည်။သဲသောင်ပြင်များမှရရှိသည့်သဲများကိုဝါးသို့မဟုတ်ကြိမ်ဖြင့်ပြုလုပ်ထားသည့်ပုံဖော်ပြီးတံခွန်များ၊ပန်းများ ဖြင့်ကပ်လှုလေ့ရှိသည်။တပေါင်းလ မိန်ရာသီတွင် သဲပုံစေတီပွဲကိုကျင်းပရိုး ရှိလေသည်။ ဤလတွင် ဧရာဝတီမြစ်တွင် သဲသောင်များ ဖြူဖြူဖွေးဖွေး ထွန်းပေါ်၍ ရေးကျေးရေငှက်များ မြူးထူးပျော်ပါးကြသဖြင့် အလွန်ကြည်နူးဘွယ်ဖြစ်လေသည်။ ထိုအခါတွင် မင်းမိဘုရားနှစ်ပါးသည် မင်းညီမင်းသား မှူးတော်မတ်တော်တို့နှင့်အတူ သောင်ပြင်သို့ ထွက်စံတော်မူကာ သဲပုံစေတီများကိုတည်၍ ပူဇော်ကန်တော့ကြလျက် ပွဲလမ်းသဘင်ဆင်ယင်ကျင်းပ ကြလေသည်။ ဤကိုရည်၍ အင်းဝမြို့ဘွဲ့ဆယ့် နှစ်ရာသီလူးတားတွင် ၊တစ်ပေါင်းလသာ ၊လတကာထက်နှိုင်းရာ ဖက်ရှောင်၊ လများ နောင်ကားတောင် လည်းသာမော၊ တောလည်းသာ ထွေရေလည်း သာလှ၊ ဖြူလွ သောင်ပြင် ငှက်ပေါင်းရွှင်လျက်၊ သဘင် အပြီသဲစေတီဟု၊ မြှောက်ချီရွှင်ပပူဇော်ကြမှ၊ ပြည်ပပြည်တွင်း ဖြောင့်စင်းရည်စောင်၊ ဆီမီးထောင် နှင့်ထွန်းပြောင်ညီရုံး၊ ပန်းလျှင်ကုံးသို့နှလုံးသဒ္ဓါ၊ ရတနာသုံးဘော် ဖူးမြော်ကုန်ကြ၊ လွန်ရွှင်ပြရှင့်။ ဟူ၍ ဖွဲ့ဆိုထားသည် ကိုတွေ့ရလေသည်။ ဤသို့အားဖြင့် ဆယ့်နှစ်ရာသီပွဲတော်တို့ကို မင်းမိဘုရားနှစ်ပါးအမှူးပြု၍ အစဉ်တစိုက် ကျင်းပလာခဲ့ကြရာ အချို့ပွဲတော်များသည် ယခုအခါတိုင်အောင် ဆက်လက်ခေတ်စားဆဲပင်ဖြစ်ပေသည်။ အချို့မှာမူကား တိမ်ကောပပျောက်ကြလေပြီဖြစ်သည်။
ပခန်းကိုကြီးကျော်ပွဲ
ကိုကြီးကျော်ပွဲကို မကွေးတိုင်း၊ ပခန်းမြို့၊ ရေစကြိုမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း တပေါင်းလဆန်း ၃ ရက်မှ ၁၀ ရက်အထိ မြန်မာနိုင်ငံ နတ်ယုံကြည်ကိုးကွယ်သူများမှ
ကျင်းပကြသည်။ ကိုကြီး ကျော်သည် သေရည်သောက်စားခြင်းနှင့် လောင်းကစားကို
နှစ်သက်သောနတ်ဖြစ်သည်။ ထို့ကြောင့် ကိုကြီးကျော်နတ်ပွဲတွင် အရက်၊ အမြည်း နှင့်
ပိုက်ဆံတို့ကို ကပ်လှူပူဇော်ကြသည်။ ထိုသို့ကပ်လှူခြင်းဖြင့် စီးပွားရေး၊
ကျန်းမာရေးတို့၌ ကောင်းချီးပေးမည်ဟု ယုံကြည်ကြသည်။ ဒေသခံပါဝင်ဆင်နွှဲသူများသာမက
ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များလည်း ဝင်ရောက်ဆင်နွှဲနိုင်သည်။

-%E1%81%81.jpg)
-%E1%81%82.jpg)
.jpg)
No comments:
Post a Comment