တပို့တွဲလ
(ဇန်နဝါရီ/ဖေဖော်ဝါရီ)
- တပို့တွဲလသည် မြန်မာလများတွင် (၁၁) လမြောက်သော လဖြစ်ပြီး အလွန်ချမ်းအေးသည့် ဆောင်းရာ သီ၏ နောက်ဆုံးကာလဖြစ်သော ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ကျရောက်လေ့ရှိသည်။ တပို့တွဲလသည် ကောက်ရိတ်သိမ်းချိန်ဖြစ်ပြီး လယ်ယာမြေများမှ ရိတ်သိမ်းရရှိလာသည့် ကောက် ညှင်း၊ နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ဂျင်း စသည်တို့ဖြင့် ထမနဲကို စီမံပြုလုပ်ကြပါသည်။ ထမနဲထိုးပွဲကို အများသူငါနှင့် စုပေါင်းပြုလုပ်၍ဖြစ်စေ မိသားစုဆွေမျိုး အပေါင်းအသင်းများနှင့်ဖြစ်စေ ကျင်းပဆင်နွှဲလေ့ရှိပါသည်။ မည်သို့ပင် ကျင်းပသည်ဖြစ်စေ ထမနဲပွဲတော်၏ အဓိပ္ပာယ်မှာ အားလုံးပေါင်းစည်းဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။
ကုံရာသီတွင် မီးဖုံးယာဂု လှူသောပွဲတော်ကို ကျင်းပရိုးရှိလေသည်။ ဤပွဲတို့အကြောင်း ထိုရာဇဝင်တော်ကြီး၌ ဤသို့တွေ့ရလေသည်။ တပို့တွဲလ၊ ပဏ္ဏရသီ၊ တိထီထွန်းစည့်၊ လပြည့်နေ့ အခါဝယ်၊.ဆက္ကဒန္တ၊ ပြောင်မှန်ဝပင်၊ အေးမြသော အစွယ်ရှိ သည်ဖြစ်၍ သုံးလူ့ထွတ်ထား၊ မြတ်စွာ ဘုရားပင်လျှင်၊ လေးပါးသော မဟာဘူတ မျှတစေရန်၊ မီးရှိန်ခံတော်မူ သည်ကို ရည်ပြီးလျှင်၊ ရုပ်ရှင် တော်ပွား၊ ကိုယ်စားတော်စားဖြစ်သော.ဘုရားတစ်ဆယ့်ငါးဆူ၊ ရွှေဂူစေတီ၊ သရီရမြတ်၊ မွေတော် ဓာတ်တို့အား နှစ်စဉ်ပူဇော် လှူဒါန်းမြဲ နံ့သာမျိုးဆယ်ပါးတို့တွင် သာရဂန္ဓအစစ်၊ အနှစ်နံ့သာတို့ဖြင့် ပြည့်သော၊ မီးခံနှင့် တကွသော မီးဖုံးပြာသာဒ်တော် ဆူရေတစ်ဆယ့်ငါး၊ ကောက်သုံးပါးတို့တွင်၊ ဩဇာလေးနက်၊ အကျိုး တက်သော၊ ကောက်ကြီးဆန်မြတ်၊ ပေါက် လတ်လက်ဦး၊ ဆွတ်ယူခူးသော ကောက်ဦးဆွမ်းအဖြစ် ဖြင့်ကောင်းစွာ ကျိုချက်အပ်သော မွန်မြတ်သော ယာဂုဆွမ်းအလှူတော်များကို စာရင်းပါ တစ်ဆယ့်ငါးဆူသော ဘုရားရှင်တို့အား သဇင်ပန်း၊ ဆီမီးတန်ဆောင်စသော အလှူတော်များနှင့်တကွကောင်းမွန်စွာ အရုဏ်ဆွမ်းကပ်၍၊ မီးဖုံးတော်များကို လှူဒါန်းပူဇော်တော်မူသည်။
တပို့တွဲလနှင့် မြန်မာ့ရိုးရာထမနဲထိုးပွဲ
တပို့တွဲလသည်ဆောင်းရာသီ၏ နောက်ဆုံးပိုင်းလဖြစ်သောကြောင့် အအေးပို၍ နှာရည်ယိုတွဲ တပို့တွဲ လ ဟုတင်စားခေါ်ဝေါ်ရသော လတစ်လ ဖြစ်ပါသည်။ ထိုလသည် ရက်မစုံလက်ကွယ် ဖြစ်သောကြောင့် ၂၉ ရက်သာရှိသည်။ ဗေဒင်နက္ခအခေါ်အရ ကုံရာသီဖြစ်ပြီး၊ ရာသီပန်းအနေဖြင့် ပေါက်လဲပန်း၊ လဲပွင့်၊ လက်ပံပွင့် စသည့်ရာသီပန်းများပွင့်သော လလည်းဖြစ်ပါသည်။ တောင်ပေါ် ဒေသများတွင် ချယ်ရီပန်းများ ဝေဝေဆာဆာပွင့်သောလလည်း ဖြစ်ပါသည်။ တပို့တွဲလသည် အအေးဆုံးလဖြစ်ပြီး ထိုလထဲမှာမှ တပို့တွဲလပြည့်နေသည် အအေးဆုံး သောရက်ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ရာဖြစ်သော အတုမရှိဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တောင်မှ ခြေတော်၊ လက်တော်များ အေးစက်သောကြောင့် မြတ်စွာဘုရားအား ရည်စူး၍ ဗုဒ္ဓဘာသာဝင် လူမျိုးတို့ရှိ အိမ်တိုင်း ရှားမီးများ၊ အမွှေးနံသာချောင်းများဖြင့် ပူဇော်ကြပြီး အညံအဆိုးများကင်းဝေး သည်ဟုလည်း ယူဆကြသည်။ ဘုရားများတွင်လည်း ရှားမီးပုံပွဲများ ပြုလုပ်ကြပြီး ရှားမီးရောင်းသူများ၊ ရှားမီးကပ်သူတို့ဖြင့် စည်ကားလှပေသည်။ တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရှာကြသူများကလည်း လပြည့်နေ့မတိုင်မှီ Online မှ တစ်ဆင့် အမွှေးနံ့သာထုတ်များအား အစုံထုပ် တစ်ထုပ် (၃၀၀ဝိ/-)ကျပ် စသည်ဖြင့်ရောင်းချသူများလည်းရှိပေသည်။တပို့တွဲလပြည့်နေ့သည် ဩဝါဒပါတိမောက်အခါတော်နေ့ဟု ပါဋိဘာသာစကားဖြင့်ခေါ်ဆိုကြပြီး ဩဝဒ၏ အဓိပ္ပာယ်မှာ ဆုံးမသောနေ့၊ ပါတိမှာ ကျဆုံးခြင်းမှအဓိပ္ပာယ်ရပြီး၊ မောက္ခမှာ လွတ်မြောက်ခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။
မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလသည်လည်း ပွဲတော်များအဖြစ်မပါမဖြစ် စည်ကားသောလဖြစ်ပေသည်။ တပို့တွဲလထမနဲထိုးပွဲ ဟုဆိုသည့်အတိုင်း တပို့တွဲလတွင် ထမနဲ၊ ယာကု စသည့်ရာသီစာများ ပြုလုပ်၍ မြန်မာတို့၏ ထုံးတမ်းစဉ်လာအတိုင်း မြတ်စွာဘုရားအား ဦးဦး ဖျားဖျားကပ်လှူပူဇော်ခြင်း၊ ဘိုးဘွားဆရာသမားများအား လှူဒါန်းကျွေးမွေးခြင်း၊ ရဟန်းသံဃာများ ကပ်လှူ လှူဒါန်းခြင်း၊ အိမ်နီးနားချင်းများအား ဝေငှကာ အလှူအတန်းများပြုလုပ်၍ ခင်မင်မှုတိုး ကုသိုလ်ယူလေ့ရှိသော ဓလေ့မှာ လွန်စွာချစ်စရာကောင်းလှပေသည်။ ထမနဲ၏ ပါဝင်ပစ္စည်းများမှာ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ နှမ်း၊ ဆီ၊ သကြား၊ ဆား၊ ဂျင်း စသည့် အဓိကပါဝင်ပစ္စည်းများဖြင့် ထိုးရသောမုန့်တစ်မျိုးဖြစ်သည်။ ထိုလတွင် ထမနဲထိုးရခြင်း၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း အနေဖြင့် ကောက်ညှင်းဆန်ဖြင့်ထိုးရသောကြောင့် ကောက်ညှင်း၏ သဘောသဘာဝမှာ စေးကပ်မှု ရှိပြီး အားထည့်၍ ထိုးရသောကြောင့် ချွေးများဖြင့် ပူလောင်လာပြီး အေးချမ်းမှုများ ပပျောက်ကာ ထိုလ၏ ရာသီရာတုနှင့် ကိုက်ညီသောကြောင့် ဖြစ်ပေသည်။ ထိုလမှာပင် အစိုးရဌာန၊ ရပ်ကွက်၊ ကျေးရွာများပါ မကျန် ထမနဲထိုးပြိုင်ပွဲများကို တူညီဝတ်စုံများဖြင့် နေရာဒေသအသီးသီးတွင် ကျင်းပ ကြပေသည်။ အကဲဖြတ်ဒိုင်လူကြီးမင်းများကလည်း အရသာတစ်ခုတည်းနှင့် အကဲဖြတ်လေ့ရှိတာ မဟုတ်ဘဲ အသင်းအဖွဲ့၏ စည်းလုံးခြင်းစိတ်ဓာတ်၊ စီမံခန့်ခွဲမှု၊ သန့်ရှင်းသန့်ရပ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ကို အလေးထား၍ အကဲဖြတ်ရွေးချယ်ကြပါသည်။ အားထည့်၍ ထိုးရသော မုန့်မျိုးဖြစ်၍ စည်လုံးညီညွတ်မှုကို ထင်ဟပ်စေသော ဒါမှမဟုတ် စည်းလုံးညီညွတ်မှု ပေါ်လွင်စေသော မုန့်မျိုးဖြစ်ပေသည်။ သူ၏ အရသာမှာလည်း အဆိမ့်အရသာ ရှိသောကြောင့် စားလို့အလွန်ကောင်းသော မြန်မာ့ရိုးရာမုန့် ဖြစ်ပေသည်။ အရပ်ဒေသ ကွဲပြီး နှမ်းမနဲ၊ ယာကုထမင်းလို့ အခေါ်ဓလေ့ကွဲပြားပါသေးသည်။ ထို့ကြောင့် ငွေနှင်းစိုပြီး အအေးပိုတဲ့ တပို့တွဲလလေးမှာ ထမနဲကိုတော့ မြင်ယောင်မိမှာ အသေချာပါပဲ။ မြန်မာ့ရိုးရာ ဓလေ့တွေနဲ့ ပြည့်နက်နေတဲ့ ဆယ်နှစ်လ ရာသီထဲမှာမှ ဒီတပို့တွဲလလေးမှာ ထမနဲပြိုင်ပွဲတွေနဲ့ စည်းကား သိုက်မြိုက်စွာ ကျင်းပနေပြီး အလှူအတန်းများဖြင့်လည်း ရှိနေမှာဖြစ်တဲ့အတွက် ကျက်သ ရေရှိနေမှာ အမှန်ပင် ဖြစ်ပါတော့သည်။
မန္တလေးမဟာမြတ်မုနိဘုရားပွဲ
မန္တလေး မဟာမြတ်မုနိပွဲတော်ကိုတော့ တပို့တွဲလဆန်း ၅ ရက်နေ့ကနေ တပို့တွဲလပြည့်အထိ ကျင်းပသည်။ ခရစ်သက္ကရာဇ်နဲ့ တွက်လျှင် ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိဖြစ်သည်။ အဆိုပါရက်အတွင်း ထောင်ပေါင်းများစွာသော ခရီးသွား ဧည့်သည်များသည် မဟာမြတ်မုနိဘုရားဖူးဖို့ လာရောက်လေ့ရှိကြပါသည်။ ဖေဖော်ဝါရီလတွင် မန္တလေးမြို့၌ ကျင်းပသည့် မဟာမုနိဘုရားပွဲတော်ရှိပြီး ဒေသခံများက မဟာ မုနိရုပ်ပွားတော်ရှေ့တွင် ယုံကြည်စွာ ဖြင့် ဆုတောင်းရန် လာရောက်လေ့ရှိကြသည်။
မန္တလေးမဟာမြတ်မုနိ
ကျိုက်ခေါက်ဘုရားပွဲ
သန်လျင် ကျိုက်ခေါက်ပွဲတော်ကိုတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့အထိ ကျင်းပ သည်။ အဲဒီပွဲတော်မှာဆိုရင် ပြည်တွင်းဖြစ်ပစ္စည်းအမျိုးမျိုး ၊ အိမ်ထောင်ပရိဘောဂ အမျိုးမျိုးနဲ့ ဝါးဖျာတွေကို ဝယ်ယူနိုင်ပါသည်။ ဇာတ်ပွဲ ၊ အငြိမ့်ပွဲတွေကိုလည်း ကျင်းပပေးလေ့ရှိသည်။
သန်လျင်ကျိုက်ခေါက်ဘုရား
ရခိုင်ရိုးရာရထားဆွဲပွဲတော်
စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာစဉ်လာမပျက် ကျင်းပသည့် ရထားဆွဲပွဲတော်ကြီးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက်(တပို့တွဲလပြည့်နေ့)ထိ စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပပြုလုပ်သည်။
စစ်တွေမြို့တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့သော ရထားဆွဲပွဲကို စစ်တွေမြို့ မိဇံရပ်ကွက်မှ စတင်ပြီး ကျင်းပခဲ့ပြီး၊ ယခုဆိုလျင်မြို့ပေါ်ရပ်ကွက်များမှလည်း အလှည့်ကျ ဦးဆောင်ပြီး ကျင်းပလျက်ရှိသည်။
ရခိုင်ရိုးရာ ရထားဆွဲပွဲကို မြန်မာ့ဆယ့်နှစ်လရာသီတွင် တပို့တွဲလ၌ ကျင်းပသောပွဲဖြစ်သည်။ တပို့တွဲလတွင် နက္ခတ်တာများစုံလင်သည့် လဖြစ်သောကြောင့် ရခိုင်တို့သည် ရထားဆွဲပွဲကို တပို့တွဲလတွင် ကျင်းပကြခြင်းဖြစ်သည်။
ရထားဆွဲပွဲတော်
ကရင်နှစ်သစ်ကူးပွဲတော်
မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်း၊ ပန်းတနော်၊ ဝါးခယ်မ၊ မအူပင်၊ ညောင်တုန်း စသည့် မြို့နယ်များတွင် တပို့တွဲ(သလေးထိုင်ခုတ်ဖို) လဆန်း ၁ ရက်(ယနေ့)၊ ဖေဖော် ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အစဉ်အလာမပျက် ပြုလုပ်ကျင်းပခဲ့ကြသည်။
တပို့တွဲလ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကရင်ရိုးရာချည်ဖြူထုံးဖွဲ့ခြင်း၊ ကရင်ရိုးရာ ဒုံးအက ဖျော်ဖြေမှုများ၊ ရိုးရာအက အလှများ ကပြခြင်း၊ တေးသီချင်း ဖျော်ဖြေခြင်း ကရင်အမျိုးသားအလံတော်တင်ခြင်း အခမ်းအနားများအပြင် ရိုးရာလက်ဝှေ့ပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပလာခဲ့ကြသည်။
နိုင်ငံတဝှမ်း အစိုးရမှ တရားဝင် ရုံးပိတ် ရက်သတ်မှတ်ထားသည့် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသား နှစ်သစ် ကူးနေ့ကို ၁၉၃၈ ခုနှစ်မှစ၍ ကျင်းပခဲ့ကြသည်။
ကရင်နှစ်ကူးပွဲတော်




.jpg)
-%E1%81%81.jpg)
.jpg)
.jpg)




No comments:
Post a Comment