တန်ခူးလ (မတ်/ဧပြီ)
တန်ခူးလသည်
မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ မြန်မာတို့၏ နှစ်ဦးလလည်းဖြစ်သည်။
တန်ခူးလ၏ အမည်ကို “စန္ဒြာမာသ” ဟုလည်းခေါ်ကြသည်။ တန်ခူးလကို “တန်းခူးလ” ဟုလည်း
ခေါ်ကြသည်။ တစ်ခါတစ်ရံပျို့ကဗျာတို့၌ “တာကူးလ” ဟု ရေးသားကြသည်ကိုလည်း တွေ့ရသည်။
တာကူးလဟု ရေးသားရခြင်းမှာ မိန်ရာသီမှ ပြိဿရာသီသို့ ကူးပြောင်းခြင်းဖြစ်သည်ဟု
ဝေါဟာရလိနတ်တဒီပနီကျမ်းရေးသားသူ လှေသင်းအတွင်းဝန်မင်းက ဖော်ပြခဲ့သည်။ ထိုဝေါဟာရကိုအခြေခံ၍တာကူးမှကာလရွေ့လျားသောအခါတန်ခူးလဟု ခေါ်ဆိုခြင်းဟုလည်း ဆိုကြသည်။ တာကူးဆိုသည်မှာ အချိန်ရာသီ၊ နှစ်ဟောင်းမှ
နှစ်သစ်ကူးပြောင်းခြင်းဖြစ်၍ တန်ခူးဆိုသည်မှာမူ ထန်းပင်ထန်းခိုင် ဝေဆာချိန်
“ထန်းခူးမှတန်ခူး” ဟု ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ တန်ခူးလသည်
မြန်မာတို့အတွက် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအချိန်ကာလ၊ အတိတ်ဟောင်း
တို့ကိုစွန့်၍ အသစ် အသစ်သော စိတ်ကူးအတွေးတို့ဖော်ဆောင်ရမည့် အချိန်ကာလ၊
စိတ်ဟူသောသက်မဲ့ သာမက သက်ရှိအရာများကိုပါ အညစ်အကြေး စွန့်ခွာရှင်းလင်းရသောအချိန်ကာလပင် ဖြစ်ပေသည်။တန်ခူးလကိုအဘိဓာန်ကျမ်းတွင် “စိတ္တကော၊
တန်ခူးလ၊ ရမ္မကော၊ တန်ခူးလ” ဟု ပြဆိုထားသည်။ အဓိပ္ပာယ်မှာ “အထူးထူးသော အသီး၊
အပွင့်၊ အခက်တို့ ဝေဝေဆာဆာ ပွင့်လန်းသောကြောင့် လူတို့၏
စိတ်နှလုံးကိုရွှင်မြူးစေသည်”ဟုဆိုလိုသည်။ တန်ခူးလသည် ပူပြင်းခြောက်သွေ့သည့်
နွေရာသီကုန်လွန်၍ မိုးရာသီကူးပြောင်းမှုကို ကြိုဆိုသကဲ့သို့ရှိသည်။
“တောင်လေမြူးမြူး၊ လတန်ခူး” ဆိုသည့်အတိုင်း လေတဖြူးဖြူးတိုက်ခတ်ချိန်မှာ
မိုးရနံ့များသင်းပျံ့သယောင် ရှိပေသည်။ လူပုဂ္ဂိုလ်အပေါင်းလည်း စိတ်ရွှင်မြူးသည့်
အခါသမယဖြစ်သည်။ “သည်တန်ခူးမှာဖြင့် ရည်စူးကာလှူကြမယ်” ဆိုသည့်အတိုင်း
ကောင်းမှုကုသိုလ်ပြုရန် ကြိုတင်ပြင်ဆင်ထားကြ သူများလည်းရှိပေသည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများလည်း အနားယူ အပန်းဖြေသောကာလ ဖြစ်သည်။
တစ်နည်းအားဖြင့် တစ်နှစ်မှာတစ်ကြိမ် ဗုဒ္ဓဘာသာလူမျိုးတို့အတွက် အားလပ်ရက်ဟု
ဆိုလျှင်လည်း မှားမည်မဟုတ်ချေ။ တစ်နှစ်တာ ပင်ပန်းသမျှ အပန်းတော်ပြေရသည့် တန်ခူးလလည်း ဖြစ်ပေသည်။
တန်ခူးလနှင့် မြန်မာ့ဓလေ့
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည်
အားလပ်ရက်များတွင် ကုသိုလ်ဒါနဖြင့် ပျော်မွေ့တတ်ကြပေသည်။
နှစ်တစ်နှစ်ကုန်ဆုံးပြီဖြစ်၍ အညစ်အကြေးဟူသမျှ ကုသိုလ်ဒါနဖြင့် ဆေးကြောကြသည်။
ရှာဖွေစု ဆောင်းထားသမျှနှင့် ကုသိုလ်ဒါနပြုကြသည်။ ရှင်ပြု၊ နားသ၊ စတုဒိ သာ စသည် ဖြင့်
အလှူဒါနများ ပြုကြသည်။ တန်ခူးလတွင် မြန်မာတို့၏အလှူဒါနဖြင့် ပျော်မွေ့ပုံကို
“တဝါဝါဆင်သင်္ကန်းရယ်က၊ ကမ္ဘာမှာဘဝင်ချမ်းစေတဲ့၊ သာသနာရွှင်ရွှင်လန်းအောင်လို့၊
တမင်မှန်းကာပသတိစွယ်၊ ရည်ရွယ်တော့သလား” ဟု ဆရာဇော်ဂျီက သတိသံဝေဂဖြည့်စွက်၍
ရေးဖွဲ့ခဲ့ပေသည်။ “မရှိလို့မလှူ၊ မလှူလို့မရှိ” မဖြစ်ရအောင်တတ်နိုင်သမျှဖြင့်
အလှူဒါနပြုကြသည်မှာ နှစ်ကူးတန်ခူးလ၏ ထူးခြားသောပြယုဂ်တစ်ခုပင် ဖြစ်သည်။
မြန်မာလူမျိုးတို့အတွက် တန်ခူးလ၏အထင် ကရပွဲတော်မှာ သင်္ကြန်ပွဲတော်ပင်ဖြစ်သည်။ သင်္ကြန်ဟူသောဝေါရသည် သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကြန္တ ဟူသည်ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ တန်ခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသောလ၊ သင်္ကြန်ရေဖြင့် အေးမြစေသောလ၊ တစ်နှစ်တာ အညစ်အကြေးဟူသမျှကို သင်္ကြန်ရေဖြင့် ဆေးကြောသော အချိန်ကာလပင်ဖြစ်သည်။
ရှေးမြန်မာတို့သည် တန်ခူးလရောက်လျှင် “သင်္ကြန်အတာရက်” မတိုင်မီ သို့မဟုတ်
မြန်မာနှစ်ဆန်း တစ်ရက်နေ့မရောက်မီ အချိန်ကာလအထိ မိမိတို့ အိမ်ခြံဝင်း၊ မိမိတို့၏
အသုံးအဆောင်ပစ္စည်းဟူသမျှကို အညစ်အကြေးကင်းစင်အောင် ဆေးကြောလျှော်ဖွပ်ကြသည်။
နှစ်ဟောင်းမှ အညစ်အကြေးကို နှစ်သစ်သို့ သယ်ဆောင်ယူခြင်းမပြုဟူသော ကောင်းမြတ်သည့် ဓလေ့ဖြစ်ပေသည်။ အယူသီးကြသည်။ အစွဲအလမ်း ကြီးကြသည်။ အထင်ဖြင့် ကောင်းမြတ်သည့်အမြင်၊
ဓလေ့ရိုးရာများ ယခုအခါ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေသည်။ လတန်ခူး၏
ထူးခြားသည့်ဓလေ့ရိုးရာကို ကြိုးစားထိန်းသိမ်းစေချင်သည်။
ရခိုင်ရိုးရာသင်္ကြန်ပွဲတော်

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်
မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့၏ ကျင်းပမြဲဖြစ်သော ဆယ့်နှစ်လရာသီပွဲတော်များတွင် သင်္ကြန်ရေသဘင်ပွဲ တော်သည် အလွန်ကြီးကျယ်စည်ကားသော အမျိုးသားပွဲတော်တစ်ခုဖြစ်ပေသည်။ တိုင်းရင်းသား လူမျိုးတို့ ၏ နှစ်သစ်ကူးသင်္ကြန်ပွဲသည် ရှေးယခင်ကာလများတွင် မိဘဆရာသမား များနှင့် သက်ကြီးဝါကြီးများကို သနပ်ခါး နံ့သာရည်များ၊ သပြေခက်ကလေးများဖြင့် ကန်တော့ကြသည့် အလေ့အထ ရှိခဲ့ကြသည်။
တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူး ရေသဘင်ပွဲတော်များတွင် ရခိုင်လူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးရေသဘင်ပွဲတော်သည်က မည်သည့်တိုင်း၊ ပြည်နယ်တို့တွင်မှ မရှိသောရေကစားနည်းများဖြင့် အတာ ရေသဘင်ကို အေးချမ်းစွာ ဆင်နွှဲခဲ့ကြပေသည်။
ရခိုင်လူမျိုးတို့တွင် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တန်ခူးလ(ဧပြီလ)တွင် ကျင်းပသော သင်္ကြန်ပွဲတော်သည် တစ်မူထူးခြားသည့် ရိုးရာနှစ်သစ်ကူးရေသဘင်ပွဲတော်ဖြစ်သည်။ ပွဲတော်ကျင်းပရေးအတွက် ရက်အနည်းငယ်ခန့်အလိုကပင် မြို့လုံးကျွတ် ရပ်ကွက်တိုင်း၌ မဏ္ဍပ်ကြီးငယ်များ ဆောက်လုပ်ကြရပါသည်။
ရှေးဦးစွာ သင်္ကြန်အကြိုနေ့ရောက်သည်နှင့် အမျိုးသား၊ အမျိုးသမီးများစုပေါင်း၍ ဘုရားရေသပ္ပာယ်ရန် နံ့သာဖြူ၊ နံ့သာနီများကို တပျော်တပါး သွေးကြလေ့ရှိသည်။ ယင်းနေ့ကို 'နံ့သာသွီးနိ' (နံ့သာသွေးနေ့)ဟု ခေါ်တွင်ပြီး ကာလသားများက အိုးစည်ဗုံမောင်းတီးလျက် သံချပ်ထိုးကာညလုံးပေါက် ကခုန်မြူးထူးကြသည်။'ဘုရားရီချိုးနိ'ဟုခေါ်သော သင်္ကြန်အကျ နေ့ နံနက်ပိုင်းတွင် လူကြီးလူငယ်များ စုရုံးစီတန်းလျက် ရခိုင်မင်္ဂလာစည်တော်တီးကာ ညတွင်သွေးထားသည့် အမွှေးနံ့သာရည်များကို ငွေဖလားကြီးများဖြင့် ထည့်ကာ ဘုန်းတော်ကြီးကျောင်းများသို့ လှည့်လည် သွားရောက်ကြပါသည်။ ထိုတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ရေသပ္ပာယ်၍ အဆိုပါ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခြင်း၊ သိမ်၊ ကျောင်း၊ ခြံဝင်း၊ အဆောက်အအုံများအား သန့်ရှင်းခြင်းစသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ကြပါသည်။ ထို့ပြင် မိမိတို့အိမ်ရှိ ကိုးကွယ်ထားကြသော ဘုရားဆင်းတုတော် များအားလည်း ရေသပ္ပာယ်ပူဇော်ကြပြီး နောက်တစ်နေ့တွင်မှ သင်္ကြန်ရေကစားပွဲကို နှစ်ဆန်း(၁)ရက်နေ့အထိ သုံးရက်တိုင်တိုင် ဆင်နွှဲကြပါသည်။ သင်္ကြန်ရက်များအတွင်းတွင် လူကြီးများ ဥပုသ်သီလဆောက်တည်ကြပြီး လူငယ် လူရွယ်များ ပျော်ရွှင်စွာ ရေကစားခွင့်ရကြသည်။ ရေကစားကြရာတွင် အမျိုးသမီးငယ် လှပျိုဖြူများမှာ တူညီဝတ်စုံများ ဝတ်ဆင်၍ ရေကစားမဏ္ဍပ်အတွင်းဘက်မှနေ၍ အပြန်အလှန် ရေကစားကြပါသည်။ မဏ္ဍပ်အတွင်းတွင် လောင်းလှေများဖြင့် ရေအပြည့်ဖြည့်ထားပြီး အမျိုးသမီးငယ်များက ကာလသားများသို့ တစ်လှည့်စီ ရေကမ်းပေးရသည်။ တစ်စုံတစ်ရာ ပြဿနာမဖြစ်ပေါ်စေရန်အတွက် 'မဏ္ဍပ်ရှင်မ'ဟုခေါ်သော အမျိုးသမီးကြီးများက ထိန်းကွပ်ပေးထားကြခြင်းဖြင့် ယဉ်ကျေးစွာပျော်ရွှင်ကစားခွင့်ရသည့် ပွဲတော်အဖြစ် အမြဲတမ်းဂုဏ်ယူလျက်ရှိကြသည်။
ညချမ်းအချိန်အခါတွင်လည်း သင်္ကြန် အလှပြမဏ္ဍပ်စင်များတွင် ရပ်ကွက်တိုင်းမှ အမျိုးသမီး လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအက ပြိုင်ပွဲများ၊ သံချပ်ထိုးပြိုင်ပွဲများ၊ ရခိုင်တေးသံရှင်များ၏ ကပြဖျော်ဖြေမှုများဖြင့် သင်္ကြန်ကာလ၏ အနှစ်သာရများကို တစ်ရက်ထက်တစ်ရက် မရိုးအောင် ကပြဖျော်ဖြေကြသည်မှာလည်း သင်္ကြန်ကာလ၏ အနှစ်သာရ ပသာဒတစ်ခုပင်ဖြစ်ပေသည်။ ကျွန်တော်တို့ ရခိုင်လူငယ်လူရွယ်တို့သည် ပျော်စရာရှိလျှင် အလွန်ပင် ပွင့်လင်းစွာပျော်ရွှင်တတ်ကြပြီး အလှူအတန်းအတွက်ဆိုလျှင်လည်း အားတတ်သရော ပါဝင်လုပ်ဆောင်တတ်ကြသည်။ ကျွန်တော်တို့ ဘိုးဘွားများလက်ထက်ကဆိုလျှင် နွားလှည်းဖြင့် သင်္ကြန်ရေကစားရာတွင် လည်ပတ်ကြသည်။ ယခုအခါတွင် ခေတ်ကာလတိုးတက်လာသည်နှင့်အမျှ တူညီဝတ်စုံများမှာယူဝတ်ဆင်ကြကာ မော်တော်ကားများဖြင့် အုပ်စုလိုက် ရေပက်ခံရေကစားထွက် ကြလေ့ရှိနေကြပေပြီဖြစ်သည်။ သင်္ကြန်ကာလသည် သုံးရက်တာကာလဖြစ်သည်နှင့်အညီ ရိုးရာယဉ်ကျေးမှုမပျက်အောင် မဏ္ဍပ်တွင် လူငယ်၊ လူရွယ်တို့ ရေအပြန်အလှန် ရေပက်ကြရသည်ကလည်း ရခိုင်ရိုးရာ အတာသင်္ကြန်ကို ဂုဏ်တင့်စေပါသည်။နောက်ဆုံးနေ့(နှစ်ဆန်း ၁ ရက်)တွင် လူငယ်၊ လူရွယ်များ စုပေါင်းလျက် မြို့အနှံ့ လှည့်လည်၍ သက်ကြီးပူဇော်ပွဲများ ပြုလုပ်ကြသည်။ ဘေးမဲ့လွှတ်ပွဲများလည်း ကျင်းပကြသည်။ ထိုတွင် မင်္ဂလာစည်တော်၊ အိုးစည်၊ ဗုံမောင်းများနှင့် ရိုးရာကကွက်များကို ဖော်ထုတ်ကပြရင်း နှစ်ဟောင်း၏ အညစ်အကြေးများကင်းစင်၍ ပျော်ရွှင်ချမ်းမြေ့စွာ နှစ်သစ်ကို ဂုဏ်ပြုကြိုဆိုကြခြင်းဖြင့် အတာရေသဘင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးကြပေသည်။ ထိုသို့ ရခိုင်ရိုးရာအတာသင်္ကြန်ကို အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းလည်း ရန်ကုန်မြို့ရှိ ရခိုင်လူမျိုးတို့ စုပေါင်းကျင်းပသော ရခိုင်ရိုးရာအတာသင်္ကြန် မဏ္ဍပ်တို့တွင်လည်းတွေ့ရှိနိုင်ကြပြီ ဖြစ်ပေသည်။
အစားသောက်အလှူ “စတုဒီသာ”
ပွဲတော်ရက်အားလုံးမှာလူတွေက
မဏ္ဍပ်တွေကိုစက်ဘီးတွေ၊လျှပ်စစ်စက်ဘီးတွေနဲ့ အမိုးဖွင့် ကားတွေစီးကာ လျှောက်လည်လေ့ရှိကြတယ်။
ဦးပဇင်းတွေ၊ သီလရှင်တွေ၊ သက် ကြီးရွယ်အိုတွေ၊ နေမကောင်းတဲ့လူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက
လွဲပီး လေးစားမှုကိုပြတဲ့အနေနဲ့ ရေနဲ့မပက်ဘဲလူတိုင်းလိုလိုတယောက်ကိုတစ်ယောက် ရေနဲ့ပက်ကာ ဆော့ကစားကြပါတယ်။ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေကပွဲတော်ရက်တွေအတွင်း ပိတ်လေ့ရှိကြတယ် ဒါပေမဲ့ စတုဒီ သာလို့ခေါ်တဲ့ အစားအစာဒါနအလှူပေးပွဲတွေဟာဆိုရင်
မြန်မာတနိင်ငံ လုံးနီးပါးမှာ ကျင်းပကြလေ့ရှိကြပီး မည်သူမဆို ဝင်ရောက်သုံးဆောင်ဆင်နွှဲနိုင်ကြပါတယ်။
သင်္ကြန်ရိုးရာအစားအစာ ဖြစ်တဲ့ မုန့်လုံးရေပေါ်လို့လည်းခေါ်တဲ့
ဆန်မုန့်လုံးလေးတွေကရေထဲမှပြုတ်ပီးလုပ်စားရတဲ့ သွားး ရည်စာမုန့်မျိုးဖြစ်ပါတယ်။
မုန့်လုံးရေပေါ်ကိုဆန်အနှစ်ထဲထန်းလျက်ခဲထည့်ပီးလုံးကာအပေါ်မှ
အုန်းသီးခြစ်ပီးသားအမျှင်လေးတွေ ဖြူးပိးစားရပါတယ်။
မင်းသူငယ်ချင်းတွေကိုမင်းစချရင်တော့
ဆန်လုံးထဲမှာထန်းလျက်အစားငရုတ်သီးထည့်ကာကျွေးလို့ရပါတယ်။
ပိတောက်ပန်းနဲ့ ကောင်းခြင်းမင်္ဂလာ
မြန်မာ့ရေသဘင်ပွဲတော်
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်
ရခိုင်ရိုးရာသင်္ကြန်ပွဲတော်
ဆလုံရေသဘင်ပွဲ
ဆလုံရေသဘင်ပွဲ
ခါသင်္ကြန်မုန့်လုံးရေပေါ်
No comments:
Post a Comment