Tuesday, December 5, 2023

တော်သလင်းလ (သြဂုတ်-စက်တင်ဘာ)

 

တော်သလင်းလ (သြဂုတ်-စက်တင်ဘာ)

တော်သလင်းလ(လှေပြိုင်ပွဲ)




မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် (၆) လမြောက်သော သြဂုတ်လမှ စက်တင်ဘာလသည် တော်သလင်းလဖြစ်သည်။ ထိုကာလတွင် ကမ္ဘာမြေကြီးသည် နေနှင့်အနီးဆုံးဖြစ်သော အချိန်ဖြစ်ပြီး နေရောင်ခြည်သည်အီကွေတာပေါ်သို့ ကျရောက်သည့် (မြောက်လတ္တီကျု ၁၀ ဒီဂရီ နှင့် ၂၈.၃၂ ဒီဂရီ ကြား) အချိန်ဖြစ်သည်။ ထိုကြောင့် မိုးသားတိမ်လိပ်များသည် ရံဖန်ရန်ခါကင်းစင် သွားတတ်လေ့ရှိသည်။ နေသာပြီး လေငြိမ်သောအချိန်ဖြစ်သောကြောင့် မြစ်ရေပြင်သည် အခြားသော အချိန်များနှင့်မတူဘဲ လှိုင်းလေငြိမ်သက်သောကာလဖြစ်သည်။ လှေပြိုင်ပွဲကို ကျင်းပသောလ ဖြစ်ပါသည်။
တော်သလင်းလကန်ရာသီတွင် မိုးလေကင်းရှင်း၍ လှိုင်းလေငြိမ်သက်သောကြောင့် ဧရာဝတီမြစ်အတွင်း၌ လှေပြိုင်ပွဲများကို ကျင်းပကြရိုးဖြစ်လေသည်။ သီပေါမင်းတရားလက်ထက် လှေပွဲသဘင်ကျင်းပပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ယင်းသည့် လဆန်းတစ်ဆယ့်တစ်ရက်နေ့ နှစ်စဉ်ကျင်းပမြဲ ရေသဘင်ပွဲတော်ပြုလုပ်ရန် မှူးတော် မတ်တော် အရာရှိတို့ ရွှေမြို့တော်အနောက်မျက်နှာ ဧရာဝတီမြစ်ဆိပ်သို့ထွက်လာကြပြီးလျှင် လှေချလွှတ်ရန် သမ္ဗန်ကို ဝန်ထောက် ဝက်မစွတ် မြို့စားမင်းကြီးမင်းထင်မဟာစည်သူ သွားရောက်ဘက်စပ် ချထားရသည်။ ပထမလှေရှေ့ဖျားတွဲဘက်မရှိ၍ စုန်သွားစေရသည်။ ပြီးလျှင် လက်ရွှေးကြီး၊ လက်သစ်၊ လှော် ကားတော်ကြီးနှစ်စင်း၊ ၎င်းနောက် ပြည်လုံးအံ့နှင့်ရွေးကြီး တွဲဘက်ပြိုင်ဆိုင်စေရသည်။ ပြီးလျှင် လှော်ကားတော်စင်းရေတစ်ဆယ့်နှစ်၊ ပြီးလျှင် ပုလိပ်ရွှေခဲ၊ အစေခံတောင်လုံး၊ ပွဲတိုင်းကျော်၊ ထွက်တိုင်းရစေသော လှော်လှေတော်စင်းရေ နှစ်ဆယ့်နှစ်၊ ပြီးလျှင် ရွှေတုံး၊ မင်းစံ၊ တောင်လုံးမှိုင်း၊ ရွှေလောင်းကြီး၊ ယင်ပုံ၊ မင်္ဂလာရန်နင်း၊ ခိုတောင်ရွှေခဲစသော ခတ်လှေတော်နှစ်ဆယ့်ရှစ်စင်း၊ ပြီးလျှင် သုံးလူ့တောက်ပ၊ သုံးလူ့ပူဇော်စသော လောင်းတော်စင်းရေနှစ်ဆဲ့ကိုး၊ ပြီးလျှင် သေနတ်အစုအမှုထမ်းတို့ရဲလှေ စင်းရေလေးဆယ့်ငါး၊ ပြီးလျှင် မှူးတော်မတ်တော်တို့ လှော်ကားချင်း ပြိုင်ဆိုင်ရသည်။ ၎င်းလဆန်း တစ်ဆယ့် သုံးရက်နေ့ ပင်လယ်သွား စကြာယာဉ်ပျံသင်္ဘောတော်၊ ဧရာဝတီမြစ်သွားရတနာယာဉ်သာ၊ ရတနာယာဉ်ပျံ၊ စကြာရန်လွှင့်စသော သင်္ဘောတော်စင်းရေ နှစ်ဆယ့်နှစ်ကို တွဲဘက်ပြိုင်ဆိုင်ရသည်။ ပြီးလျှင် အထက်နေ့က ခိုတောင်ရွှေခဲ ခတ်လှေတော်နှင့် မင်္ဂလာရန်နင်း ခတ်လှေတော် ပြိုင်ဆိုင်ရာ၊ မင်္ဂလာရန်နင်း ရှုံးနိမ့်သည်ကို စိတ်မကြေ ထပ်မံပြိုင်ဆိုင်ရန် အမိန့်တော်မြတ်ခံပြီးဖြစ်သည့်အတိုင်း၊ ၎င်းလှေတော်နှစ်စင်း ပြိုင်ဆိုင်ကြရာ၊ မင်္ဂလာရန် နင်းနိုင်၍၊ ပန်းရသည်။ ပြီးလျှင် ရေသဘင်ပွဲတော်သိမ်းသည်။




















No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...