PDF အမည်ခံ အကြမ်းဖက်သမားများမှ မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့လက်နက်ကြီးမျာဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူမိသားစုများနှင့် နေအိမ်မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသည့် မိသားစုများအတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာကျေးရွာကို ၁၉-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခက်မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုး သား (၁၇) ဦး၊ အမျိုးသမီး (၁၅) ဦး၊ စုစုပေါင်း (၃၂) ဦးသေဆုံးခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုး သမီး (၉) ဦး၊ စုစုပေါင်း (၁၄) ဦး ဗုံးစထိမှန်ဒါဏ်ရာများရရှိခဲ့သည်။
ထို့ပြင် အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်အလုံး(၅၀)ခန့် မီးလောင်ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့သည်။


No comments:
Post a Comment