ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့်
ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊
သတင်းအမှားများကို မဟုတ်မမှန်ရေးသား
ဖြန့်ဝေလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊
ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ဧပြီလ ၁
ရက်နေ့က လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦး
ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit
Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း
တွေ့ရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများသည် တပ်မတော်အပေါ် နိုင်ငံရေးအရထိုးနှက် တိုက်ခိုက်ရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် မြေပြင်အခြေအနေနှင့် လွဲမှားနေသည့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment