Thursday, November 23, 2023

ကဆုန်လ (ဧပြီ/မေ)

 

ကဆုန်လ (ဧပြီ/မေ)

ကဆုန်လသည် မြန်မာလများတွင် ဒုတိယမြောက်လဖြစ်ပြီး ဧပြီလနှင့်မေလတွင် ကျရောက်လေ့ရှိပါသည်။ဗုဒ္ဓဘာသာဝင်များအလေးအမြတ်ထားသောလတစ်လလည်းဖြစ်ပါသည်။နွေဥတု၏နောက် ဆုံးလဖြစ်သဖြင့် အပူရှိန်ပိုမိုလွန်ကဲသော လတစ်လလည်းဖြစ်သည်။အဆိုပါနေ့တွင် ဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်း၍ ညောင်ရေသွန်းပွဲတော်ကို ဆင်နွှဲလေ့ရှိကြသည်။ ဗောဓိညောင်ပင်တွင် သဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရားကို ရည်မှန်းအာရုံပြု၍ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကို သန့်ရှင်းသောရေစင်ဖြင့် သွန်းလောင်းကြခြင်း ဖြစ်သည်။

ကဆုန်လပြည့်နေ့” ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားရာ နေ့ထူးနေ့မြတ်တစ် ရက်ပဲဖြစ်ပါတယ်။ဗျာ၊ ဖွား၊ ပွင့်၊ စံ  ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” ဟုဆိုသည့်အတိုင်း သုံးလောက ထွတ်ထား သဗ္ဗညုမြတ်စွာ ဘုရားရှင်၏ဗျာဒိတ်တော်ခံယူတော်မူတဲ့နေ့၊ ဖွားမြင်တော်မူတဲ့နေ့၊ ဘုရားဖြစ်တော်မူတဲ့နေ့၊ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့ထူးကဲတဲ့ အဖြစ်တော်များ ဖြစ်တော်မူခဲ့ခြင်းကြောင့် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အမြတ်ဆုံးနေ့လို့ မှတ်ယူကြပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်က ဤနေ့ဤအခါမှာ ဗောဓိညောင်ပင်ကိုအမှီပြုပြီး သဗ္ဗညုတရွှေဥာဏ်တော်ကိုရတော်မူဖို့ တရားအားထုတ်တော်မူခဲ့တာကြောင့် ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်အား ရည်မှန်းပူဇော်ခြင်း၊ ရေများခန်းခြောက်ချိန်တွင် ဗောဓိညောင်ပင် မညိုးနွမ်းစေလိုခြင်းဆိုတဲ့ ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာ ဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လမှာ “ညောင်ရေသွန်းပွဲတော်”ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့တာဟာ ယနေ့တိုင်ဖြစ်ပါတယ်











       မြန်မာနိုင်ငံ၏ ကဆုန်လအခါသမယ    


No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...